22 ပတ် - ဘာသာပြန်ပါ။

ဆင်ဆင်ချင်ချင် ပြောကြ!လုပ်ကြ!
ဘုန်းကြီးတစ်ပါးကို အထင်ကြီးကြည်ညိုမိရင်
“ဒီဘုန်းကြီးသာ သံဃာအစစ်၊
တခြားဘုန်းကြီးတွေ အလကား”
ဆိုတဲ့စကားမျိုးပြောတတ်ကြတယ်။
‘တခြားဘုန်းကြီး
ဘယ်လောက်များများကို ဖူးမြင်တွေ့ဆုံလေ့လာကြည့်ဖူးသလဲ’ဆိုတော့ ပါးစပ်တွေပိတ်လို့။
ကိုယ်အထင်ကြီးထားတဲ့ ဘုန်းကြီးတစ်ပါးနှစ်ပါး
မကြည်ညိုနိုင်ကြဘူးဆိုတော့
“ဘုန်းကြီးတွေအားလုံးအလကားပဲ”
ဆိုပြီး ဝါးလုံးသိမ်းပြစ်မှားကြပြန်ရော။
သူတို့သတ်မှတ်တဲ့’တခြား ဘုန်းကြီး’များက
သူတိုတွေကြည်ညိုသူကြောင့်ရော၊မကြည်ညိုသူကြောင့်ရော
ပြစ်မှားစော်ကားခံနေရတယ်။
သီလဝန္တပုဂ္ဂိုလ်
ဘယ်လောက်များအထိ ပြစ်မှားမိသွားသလဲဆိုတာ
စဉ်းစားကြည့်ကြ!
🗣️’ဝစီဘေဒ ထိတိုင်းရှ’တဲ့၊ ဆင်ဆင်ချင်ချင် ပြောကြ! လုပ်ကြ!
(အံ၊၂၊၂၃၆၊ပုဂ္ဂလပ္ပသာဒသုတ်လဲရှု)
ဓမ္မဘေရီဆရာတော်ဘုရားကြီး

image