22 ပတ် - ဘာသာပြန်ပါ။

ဒူးရင်းပင်ငယ် စတင်စိုက်ပျိုးနည်း

အပင်အမြန်ကြီးစေချင်ရင် အပင်ကြီးစိုက်ဖို့မလိုပါဘူး စိုက်ကျင်းကိုဘဲသေချာပြုလုပ်ပါ ။

၁/အကျယ်၃ပေအနက်၁ပေခွဲ ရအောင်တူးပါ ဒါကအနည်းဆုံးပြောတာပါ။

၂/ ထွက်လာသော မြေစာကို ကျင်းနုတ်ခမ်းကနေ ၉လက်မခွါပြီး တစ်ဖက်စီ ပုံထားပါ ။

၃/ကျင်းအောက်ခြေကို ထပ်မံပေါက်ဆွပစ်ပါ ရသလောက်ဆွပါ ပေါင်းမြစ်များပြတ်အောင်လို့ပါ။

၄/ဘိုကာရှီ မြေဆွေး ၁တင်း ခွဲလောက်ထည့်ပြီး ထပ်ဆွပါ မြေခံဆေး6G ၁၀ဂရမ်ထည့်ဆွပါ။

၅/ကျင်းနုတ်ခမ်းပါတ်လည်ကမြေ၉လက်မခန့်ကို ကျင်းထဲပေါက်ချပြီး မြေဆွေးဖြင့်ထပ်ဆွပါက
ကျင်းပြည့်လုနီးပါဖြစ်သွားပါလိမ့်မယ်။

၆/ကျင်းပေါက်၍ထွက်လာသောမြေစာဖြင့် မြေဘို့လုပ်ပါက အမြင်၁ပေ အကျယ် ၆ပေမှ၈ပေခန့်မြေဘို့ရမှာဖြစ်ပြီး ၊

အပင်စိုက်သည့်အခါ ပျိုးအိပ်တစ်အိပ်စာပြန် တူး၍ ပျိုးအိပ်တစ်ဝက်မြုတ်စိုက်ပါက လုံလောက်သည့် မြေဘို့ရမှာဖြစ်ပါတယ်။

ဒါကအလွယ်ဆုံး ကုန်ကျစရိတ် အသက်သာဆုံး မြေဘို့လုပ်နည်းပါ။

ပုံကတော့ ၂၀၂၃ခုနှစ် မေ၁၀မှာစိုက်တုန်းက ပျိုးပင်အနေအထားဖြစ်ပြီး နေပြင်းလို့ မစိုက်ခင်အမိုးလုပ် စိုက်ရပါတယ်။

မြေချပြီးသည်နှင့်ရေပေးရပါတယ် အစိုဓါတ်ထိန်းဖို့ကောက်ရိုးအုပ်ပေးရပါတယ်။

အခုတော့ကြီးကုန်ပြီးပေါ့ အပင်ကြီးစိုက်လို့မဟုတ်ပါဘူး စိုက်ကျင်းကောင်းလို့ အကြီးမြန်တာပါ

Credit

image