အတုံ့အလှည့်ဆန်ဆန်တွေ မလိုအပ်ပါဘူး လို့
တင်းခံနေလည်း
တစ်ခါတစ်ရံ တောင့်တမိတယ်
ချစ်ခြင်းမေတ္တာဟာ အပေးအယူမဟုတ်မှန်း သိပါတယ်
ကူကယ်ရာမဲ့တဲ့အခါ တွေ့ရာမြက်ပင်ကို အားကိုးမိသလို...
ကြုံရာဘုရားများ ဝင်ကယ်မလားဆိုတဲ့
ယုံကြည်ချင်မှုမျိုးလေးပါပဲ
ကိုယ့်ရှေ့နောက်မညီမှုတွေကို ရယ်နိုင်ပါတယ် ဘေဘီရေ
-ခွန်းညိုသွေး