>> ရုံးပတေသီး ရေနွေးဖျော်သောက်တဲ့ <<
>> အကျိုး(ရေနွေး/ရေအေး)အကုန်ရ <<

အကျိုးအာနိသင်ကတော့ ဒူးနာတယ်

ခြေထောက်နာတယ်

ကြာကြာမရပ်နိုင်ဘူး

ကြာကြာလမ်းလျှောက်နိုင်ဘူး

ကြာကြာမထိုင်နိုင်ဘူး

ထလည်းနာ

ထိုင်လည်းနာ

တကျွတ်ကျွတ် အော်နေရတဲ့

ပါးစပ်က ရောင်ပြီးတောင် "နာတယ်"လို့ မထွက်လာတော့ဘူး။

အသက်ငါးဆယ်ကျော်ရင် ရုံးပတေသီးကို မချစ်တောင်မှ မုန်းလို့ဆိုပြီး ပစ်မထားသင့်ပါဘူး။

ခန္ဓာကိုယ်အတွက် ကျေးဇူးများလွန်းတဲ့ အသီးလေးဖြစ်လို့ ပေါင်းထားသင့်ပါတယ်။

ပေါင်းနိုင်သလောက်လည်း ကောင်းတယ်ဆိုတာ သက်သေပြလိမ့်မယ်။
ဒီအသီးလေးက အရိုးအဆစ်နာကျင် ကိုက်ခဲမှုများကို မောင်းထုတ်ပစ်နိုင်စွမ်း ရှိတာကတော့ အလွန်ကို အံ့ဩသွားစေပါလိမ့်မယ်။

ရုံးပတေသီး သုံးတောင့်ကို ဓားနဲ့လှီးပြီး အဖုံးပါတဲ့ခွက်ထဲထည့် ရေနွေးပူပူလောင်းထည့်ပြီး အဖုံးပြန်အုပ်ထားပါ။

အေးသွားမှ အရေလည်းသောက် အဖတ်လည်းစားရမှာ ဖြစ်ပါတယ်။

အဓိကအရေးကြီးတဲ့အချက်က အစားအိမ်ထဲ အစာမရှိတဲ့အချိန်မှာ စားရ သောက်ရမှာပါ။

တစ်ခါထဲ ကုန်အောင်မသောက်နိုင်ရင် နှစ်ကြိမ် သုံးကြိမ်ခွဲသောက်နိုင်ပါတယ်။

အစာအိမ်ထဲ အစာမရှိချိန်သောက်ဖို့က အဓိကဖြစ်တယ်ဆိုတာ လေးကိုတော့ မမေ့စေချင်ပါဘူး။

အစာအိမ်ဖြစ်တဲ့သူ ဝိတ်ကျ အဆီကျ ခြင်တဲ့သူသောက်ပါ။
ဒူးနာ ခြေနာ အဆစ်မြစ်နာ ဝေဒနာ ရှင်များအတွက် ကျေးဇူးများတဲ့ ဒီအသီးလေးကို ဆေးအဖြစ်နဲ့ ပေါင်းသင်းမှီဝဲစားသုံး ကြည့်ကြပါလို့ မေတ္တာဖြင့် တိုက်တွန်းလိုက်ပါတယ်။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။


#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
#creditပေးပါတယ်

image