15 ပတ် - ဘာသာပြန်ပါ။

ပခုက္ကူ အ.လ.က လေ့ကျင့်ရေးကျောင်း၏ အုတ်တံတိုင်းပြိုကျ

မကွေးတိုင်း၊ ပခုက္ကူမြို့တွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင် ၁၃ ရက်နံနက် ၈ နာရီခွဲခန့်က အ.လ.က လေ့ကျင့်ရေးကျောင်း၏ အုတ်တံတိုင်းပြိုကျခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မိုးသည်းထန်းစွာရွာသွန်းမှုကြောင့် အ.လ.က လေ့ကျင့်ရေးကျောင်း၏ အုတ်တံတိုင်းပြိုကျမှုအား ပခုက္ကူမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အောက်စီဂျင်ဟန်တာလူမှုကူညီရေးအသင်းဝင်များက ပူးပေါင်းရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။

image