1 ရက် - ဘာသာပြန်ပါ။

📌လူသိပ်မသိတဲ့ ခွေးလေးတွေရဲ့ထူးခြားချက် ၃ ချက်အကြောင်း

ခွေးလေးတွေရဲ့ သစ္စာရှိပြီး ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေက လူသိများပေမယ့် တကယ့်တော့ လူတွေသိပ်မသိတဲ့ အရာလေးတွေလည်းရှိနေပါတယ်။ အဲ့တာလေးတွေကတော့

✅ ခွေးလေးတွေက အချိန်ကို အနံ့ခံပြီးသိရှိကြပါတယ်။ ထူးဆန်းတယ်မလား။

ဘယ်လိုမျိုး အချိန်ရဲ့အနံ့ကိုသိကြသလဲဆိုရင် သူတို့သခင်ဟာ အလုပ်ကိုသွားပြီးတဲ့နောက် အိမ်ထဲမှာ သူတို့သခင်ရဲ့အနံ့အသက် ဘယ်လောက်ကျန်တဲ့အချိန် ပြန်ရောက်လာသလဲဆိုတာကို မှတ်သားပြီး နီးကပ်လာတာနဲ့ မျှော်တာ၊ ထွက်စောင့်တာမျိုးတွေ လုပ်တတ်ကြတာပါ။

✅ နောက်တစ်ချက်ကတော့ ခွေးလေးတွေမှာ "Jacobson’s Organ" ဆိုတဲ့ ထူးခြားတဲ့ အာရုံခံအင်္ဂါ ရှိပါတယ်။

အဲ့ဒီအင်္ဂါဟာ ခွေးလေးတွေကို လူတွေရဲ့ စိတ်ခံစားမှု၊ ကျရောက်တော့မယ့်ဘေးအန္တရာယ် (သို့) ကျန်းမာရေးအခြေအနေတွေကို အနံ့ကနေ သိအောင် ကူညီပေးပါတယ်။

အဲ့တာကြောင့်လဲ သင်စိတ်အဆင်မပြေတဲ့အခါမျိုးမှာ သင့်ခွေးလေးတွေဟာ သင့်ခံစားချက်ကိုသိသလိုအမူအရာနဲ့ ဘေးကနေပွတ်သပ်ပြီး နှစ်သိမ့် တတ်ကြပါတယ်။

✅ နောက်ပြီး ခွေးလေးတွေဟာ လူတွေလိုပဲအိမ်မက် မက်တတ်ကြပါတယ်။EEG (Electroencephalogram) ဆိုတဲ့ ဦးနှောက်လှိုင်းတွေကို တိုင်းတာတဲ့စက်နဲ့ သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရ ခွေးလေးတွေဟာ အိပ်မက်မက်တဲ့အဆင့် ကို ကြုံတွေ့ရပါတယ်။

အထူးသဖြင့် ခွေးပေါက်စလေးတွေနဲ့ အသေးစားခွေးလေးတွေက ပိုမက်တတ်ကြပါတယ်။ အိပ်နေရင်း လူတွေလို ယောင်တတ်ကြပါသေးတယ်။

သင့်ခွေးလေးမှာလည်း ဒီလိုထူးခြားတဲ့အချက်လေးတွေရှိနေရင် comment မှာမျှဝေပေးသွားနိုင်ပါတယ် ✨