1 d - Translate

ချင်းတွင်းမြစ်ရေတက်၍မုံရွာနှင့်ချောင်းဦးနယ်အနိမ့်ပိုင်းရှိကွမ်းခြံများပျက်ဆီး

ချင်းတွင်းမြစ်ရေတက်၍ မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ အနိမ့်ပိုင်းကျေးရွာများမှ ကွမ်းခြံများရေနစ်ပျက်ဆီးခဲ့ကြောင်း သိရသည်။

"ရေဝင်တာက ဘုဘရွာ၊ ချမ်းသာကျွန်းရွာ၊ ချိုးစုရွာ၊ ညော င်ဖြူပင်ရွာ၊ တဲစုရွာ၊ တဲတိုက်ရွာ၊ ကျွန်းကြီးရွာ၊ နတ်ကြီးကျွ န်းရွာ၊ ဆီးဖြူကုန်းရွာ၊ ဘုမ္မနိုးရွာ၊ ကျောင်းစုရွာစတာတွေရေဝင်နေတာပါ။ ပြီးခဲ့တဲ့ (၄)ရက်ကစ ရေဝင်တာ အခုရေပြန်ကျနေပြီ။ ထနောင်းတော အနောက်ဘက်ကရေ မဝင်သေးဘူး။ ချမ်းသာကျွန်းရွာ၊ ချိုးစုရွာဖက် ကကွမ်းခြံ ခြံပေါင်း (၂၀) လောက် ရေဝင်လို့ ပျက်စီး သွားပြီ" ဟု ဘုဘရွာနေသူတစ်ဦးက ပြောသည်။

မုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်မှ ကျေးရွာ (၂၅) ရွာသို့ပြီး ခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စ၍ မြစ်ရေပြန်ဝင်ခြင်းဖြစ်ပြီး ချ င်းတွင်းမြစ်ရေမဝင်ခဲ့သည်မှာ (၅)နှစ်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေဝင် ကျေးရွာ (၂၅)ရွာမှ စိုက်ပျိုးရေး လုပ်သူအများစုသည် ကျေးရွာနှင့် ဝန်းကျင်သို့ နှစ်စဉ်ရေဝင်ရော က်မှုကို လိုလားသူများဖြစ်ကြပြီး မြစ်ရေများ နေရာအနှံ့ဝင်ရောက်၍ ရေပြန်ကျသွားလျှင် နုံးတင် မြေနုများတင်ကျန်ရ စ်ကာ စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် အလွန်ကောင်းသောကြောင့် မြစ်ရေဝင်စေချင်သူက ပိုများသော ဒေသဖြစ်ကြော င်း သိရသည်။

ချင်းတွင်းမြစ်ရေဝင် ကျေးရွာ (၂၅)ရွာတွင် စားပင်သီးပင်များ၊ ပန်းပင်များ၊ အရိပ်ရပင်များ၊ အလှပင်များ၊ ဆေးပင်များကို ရာသီအလိုက် အလှည့်ကျစိုက်ပျိုး၍ မုံရွာမြို့ဈေး ကွက်နှင့် အခြားမြို့ကြီးများဈေးကွက်သို့ နေ့စဉ် ပို့ဆောင်ရောင်းချကာ စီးပွားရေးကောင်းမွန်သော ဒေသဖြစ်ပြီး သစ် ပင်၊ ပန်းပင်များပေါများသောကြောင့် အပူပိုင်းဒေသ၏ အေးမြသောရာသီဥတုကို ပိုင်ဆိုင်နေသောဒေသဖြစ်သည်။

မြန်မာနိုင်ငံ အထက်ပိုင်း ဒေသများတွင် မြစ်ရေများ မြင့်တ က်ဝင်ရောက်နေမှုကြောင့် ကွမ်းခြံများပျက်ဆီးလျက်ရှိကာ ရန်ကုန်အထိုင်ကွမ်းဈေးကွက်နှင့် ပြည်တွင်းကွမ်းဈေးကွက် ၌ ကွမ်းဈေးများ မြင့်တက်လျက်ရှိသည်။

image