7 ပတ် - ဘာသာပြန်ပါ။

မနေ့က ကိုယ့်အသိအမတစ်ယောက်နဲ့
စကားပြော‌ဖြစ်ကျတယ်

"မင်းရဲ့ကလေးလေးရော" တဲ့

"အင်း..ဒီလိုပါဘဲ" ဆိုတော့

"လမ်းခွဲလိုက်ပြီလား" တဲ့

"လမ်းခွဲတာမဟုတ်ဘူး..
လမ်းလွဲသွားတာ..
ဘယ်တော့မှပြန်မဆုံနိုင်အောင်
လမ်းလွဲသွားတာ" လို့
ရှက်ရှက်နဲ့ဖြေခဲ့ရတယ်

ရှက်လည်းရှက်ချင်စရာဘဲလေ
မင်္ဂလာဆောင်ရင်ဖိတ်မယ်တို့
ပုဇွန်ထုပ်နဲ့ကျွေးမယ်တို့
ဒီကောင်က အာချောင်ခဲ့တာကိုး..

-hmue 💛🌻