လူတွေ အုန်းအုန်းကျွတ်ကျွတ်ဖြစ်နေချိန်မှာ
ငါ အေးအေးချမ်းချမ်း ရှိနေတာ
အပြစ်တင်ထိုက်နေသလား
ငါငြိမ်သက်နေတာ
ကျောခိုင်းနေတာမှ မဟုတ်ပဲ
ငါ့မှာ ချစ်ခြင်းတရားက လွဲလို့ ပေးစရာ မရှိဘူး ။
ဘဝဟာ တိုတောင်းပါတယ် ။
ကောင်းတာတွေ လုပ်ဖို့တောင် အချိန်ကနည်းတယ် ။
ဟိုး ... ကောင်းကင်ပေါ်က တိမ်တိုက်ကြီးနှစ်ခုကြားက အလင်းပေါက်လေးကနေ ကျော်လွန်ပြီး
အကန့်အသတ်မဲ့ စကြာဝဠာကြီးကို ခံစားကြည့်ရအောင် ကမ္ဘာကြီးရဲ့ အပြင်ဘက်ကနေ
တို့ဘဝတွေကို ပြန်ကြည့်ကြရအောင် ။
#ထက်ထက်ထွန်း (Waterfall)

image