ချဉ်ငန်စပ်လက်ဖက်ထောင်းနည်း 🌶

အိမ်မှာကိုယ်တိုင်လုပ်စားနိုင်ကြစေဖို့ 👇🏻

ကြက်သွန်ဖြူထောင်း
ကြက်သွန်ဖြူပါးပါးလှီး
ငရုတ်သီးစိမ်းထောင်း
ငရုတ်သီးစိမ်းပါးပါးလှီးတွေလုပ်ထားမယ်

သံပုရာသီးလိုမယ်

လက်ဖက်အစိုကိုအရင့်တွေအရိုးမာတွေဖယ်ထုတ်မယ်

ရေကျက်အေးနဲ့သုံးကြိမ်လောက်ဆေးတယ်ရေကျက်အေးဆိုမှိုတက်တာသက်သာတယ်ရေစိမ်မယ် ညှစ်ထုတ်မယ်ခါးတာကြိုက်ရင် အကြိမ်ရေလျှော့ဆေးပေါ့

ရေဆေးပြီးတဲ့လက်ဖက်တွေကိုထောင်းမယ်ညက်ခါနီးထိထောင်းတယ်

ဒီလိုကြိတ်လည်းရတယ်

ထောင်းပြီးရင်
ကြက်သွန်ဖြူ ငရုတ်သီးစိမ်း ငန်ပြာရည်သံပုရာသီး ဆား တွေထည့်နယ်မယ်အချိုမှုန့်ပုစွန်ခြောက်တွေထည့်နယ်လို့ရတယ်

နောက်ဆုံး
ပဲဆီထည့်ပြီးနယ်လိုက်ရင်ရပြီ

Credit -

image