22 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ မုဒုံမြို့ရှိ ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်လုယက်ခံရ၊ ရွှေဆိုင်ပိုင်ရှင်သေဆုံးဟုဆို
မွန်ပြည်နယ်၊ မုဒုံမြို့၊ ရွှေဟင်္သာဈေး၌ ယနေ့(ဇူလိုင် ၁၁ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်ခန့်တွင် ရွှေရတနာဦးရွှေဆိုင်ဓားပြတိုက်လုယက်ခံရပြီး ဆိုင်ပိုင်ရှင်သေဆုံးကာ ၎င်း၏သမီးဖြစ်သူမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ရွှေဆိုင်ပိုင်ရှင်ဦးပန်းလာနှင့်သမီးဖြစ်သူတို့ အဆိုပါဆိုင်အတွင်းရှိနေစဉ် အမည်မသိလက်နက်ကိုင် အမျိုးသားတစ်ဦး သေနတ်ပြ၍လုယက်ရန်ကြိုးပမ်းရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“အဖေဖြစ်သူက သေနတ်ဝင်လုတာ။ အဲဒီမှာပစ်ခတ်ပြီးထွက်ပြေးတာ။ သူတို့ဆိုင်ကယ်လည်းကျန်နေခဲ့တယ်။ ပိုင်ရှင်ဦးလေးက ဆိုင်သိပ်မထိုင်ဘူး။ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင် စိတ်ထားအရမ်းကောင်းတဲ့မိသားစုပါ” ဟု မုဒုံမြို့မှဒေသခံအမျိုးသားတစ်ဦးက စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
အခင်းမဖြစ်ပွားမီ ပစ်ခတ်သူအပါအဝင် အမျိုးသားသုံးဦးသည် အဆိုပါရွှေဆိုင်သို့ ဈေးဝယ်သူအဖြစ်ရောက်ရှိလာပြီး ဝယ်သူများကဲ့သို့ဆိုင်ပိုင်ရှင်အမျိုးသမီးနှင့်စကားပြောဆိုနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပစ်ခတ်မှုကြောင့်သေဆုံးသွားသည့် ရွှေဆိုင်ပိုင်ရှင်ဦးပန်းလာသည် အသက်(၇၀) ဝန်းကျင်ရှိပြီး ၎င်းတို့မိသားစုသည် အလှူအတန်းမကြာခဏပြုလုပ်လေ့ရှိကြောင်း မုဒုံမြို့ဒေသခံများကမှတ်ချက်ပေးပြောဆိုထားကြသည်။
သတင်း - အင်ကြင်း

image