လူဝံလှောင်အိမ်ထဲကို မတော်တဆ ပြုတ်ကျသွားတဲ့ ကလေးငယ်လေးကို မျောက်ဝံအမကြီးတစ်ကောင်က သူ့သားသမီးသဖွယ် ကယ်တင်ပေးခဲ့ဖူးပါတယ်။ ဒီဖြစ်ရပ်ကတော့ ပြီးခဲ့တဲ့ (၁၉၉၆) ခုနှစ်၊ ချီကာဂိုက တိရစ္ဆာန်ဥယျာဉ်တစ်ခုမှာ ဖြစ်ပွားခဲ့တာပါ။
အသက် (၃) နှစ်အရွယ်သာရှိသေးတဲ့ ကောင်လေးတစ်ယောက်ဟာ လူဝံတွေကို ထားရှိတဲ့ (၂၄) ပေအမြင့်ဧရိယာထဲကို မတော်တဆ ပြုတ်ကျသွားခဲ့ပါတယ်။ ပြုတ်ကျတဲ့ဒဏ်ကြောင့် ဒီကလေးလေးက သတိလစ်သွားခဲ့ပါတယ်။
အဲ့ဒီအချိန်မှာ ဘင်တီဂျူအာလို့ အမည်ပေးထားတဲ့ လူဝံမကြီးက ကလေးငယ်နားကို တရွေ့ရွေ့နဲ့ ချဉ်းကပ်သွားခဲ့ပါတယ်။ ဧည့်သည်တွေကတော့ သတိလစ်နေတဲ့ ကလေးငယ်လေးကို လူဝံကြီးက ထပ်ပြီး အန္တရာယ်ပေးမှာကို ထိတ်လန့်နေကြပြီး တိရစ္ဆာန်ရုံဝန်ထမ်းတွေကလည်း အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ဒါပေမယ့်လည်း လူဝံမကြီးက သတိလစ်နေတဲ့ ကလေးငယ်လေးကို ညင်ညင်သာသာပဲ ပွေ့ချီပြီး တိရစ္ဆာန်ရုံဝန်ထမ်းတွေဆီ အပ်လိုက်ပါတယ်။ ဒီလူဝံမကြီးရဲ့ ကျောမှာလည်း သူ့ကလေး လူဝံပေါက်စလေးကို ကုန်းပိုးလာပါသေးတယ်။
ဒီဖြစ်ရပ်က ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပြီး ကမ္ဘာအနှံ့မှာရှိတဲ့လူတွေက ဂျူအာဆီကို လက်ဆောင်တွေ၊ အမှတ်တရပစ္စည်းတွေ ဝိုင်းပို့ပေးခဲ့ကြပါတယ်။ အခုချိန်အထိလည်း ဒီလူဝံမကြီးက အသက်ရှင်သန်နေဆဲပါ။
သူကယ်တင်ပေးခဲ့တဲ့ ကလေးငယ်လေးကလည်း မျက်နှာမှာရှိတဲ့ အရိုးအချို့နဲ့ လက်ကျိုးခဲ့တာပဲရှိပြီး ဆေးရုံမှာ (၄) ရက် ဆေးကုသမှုခံယူခဲ့တဲ့နောက် အသက်ရှင်သန်ခဲ့တယ်လို့ သိရှိရပါတယ်။
