စိတ်ပင်ပန်းတဲ့အခါ အိမ်ကို သတိရကြတယ်။
စိတ်အဆင်မပြေတဲ့အခါ အိမ်ပြန်ချင်ကြတယ်။
အိမ်ဆိုတဲ့အရိပ်ဟာ ကျွန်တော်တို့အတွက်..
ခိုလှုံဖို့ အကောင်းဆုံး အရပ်ပါပဲ။
ကျွန်တော်တို့ဘဝမှာလည်း ကိုယ့်အပေါ်
နားလည်မှု့ပေးပြီး..
ကိုယ့်အတွက် နွေးထွေးစေတဲ့သူမျိုး..
အိမ်နဲ့တူတဲ့ လူကိုပဲ ရှာဖွေရမယ်။
အကောင်းဆုံးအချိန်တွေမှာပဲ ကိုယ့်အနားရှိနေသူထက်.. အဆိုးဆုံးအချိန်တွေမှာ ကိုယ့်ကိုပစ်မထားပဲ အနားမှာရှိနေပေးမယ့်သူကိုသာ အလိုအပ်ဆုံးပါ။
အခက်အခဲတွေများတဲ့လောကကြီးထဲမှာ..
တစ်စုံတစ်ယောက်ကြောင့် အချိန်ခဏစာလောက်
ရယ်ရပြုံးရလည်း မနည်းပါဘူး။
ဘယ်အချိန်ပြိုလဲမယ်မှန်း မသိတဲ့
အခြေအနေတွေမှာ..
ကိုယ့်အတွက် တစ်ယောက်ယောက် ရှိနေသေးတယ်ဆိုတဲ့ စိတ်ကလေးနဲ့
ရှင်သန်ရတာ ဖြေသာပါသေးတယ်။
Happiness is a butterfly တဲ့
ပျော်ရွှင်မှု့ဟာ လိပ်ပြာလေးတစ်ကောင်လိုပဲ
ဖမ်းဆုပ်ရခက်တယ်..
အလွယ်တကူမရနိုင်တဲ့ ပျော်ရွှင်မှု့မျိုး တစ်စုံတစ်ယောက်က ပေးစွမ်းနိုင်တယ်ဆိုတာ..
ကံကောင်းခြင်းတစ်မျိုးပါပဲ။
ဘယ်အရာမှ မတည်မြဲတဲ့အကြောင်း
အကုန်လုံးသိထားကြပြီးသားပါ။
အဲဒီလို လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ
အချိန်တန်ရင် ထွက်ခွာသွားရမဲ့ ဘဝကြီးမှာ
ကိုယ့်အတွက် ဝမ်းနည်းပေးမယ့်သူ..
ကိုယ်ပျော်ရင် အတူတူ လိုက်ပျော်ပေးမယ့်သူ..
စိတ်ကို နွေးထွေးလုံခြုံစေမဲ့သူ..
အိမ်နဲ့တူတဲ့သူ.. တစ်ယောက်ရှိထားခြင်းဟာလည်း
တန်ဖိုးမဖြတ်နိုင်တဲ့ ဆုလာဘ်တစ်ခုပါပဲ...။
"အချစ်ဟာ ပြည့်စုံဖို့ မလိုဘူး
အချစ်ဟာ အိမ်တစ်လုံးနဲ့တူရင်လုံလောက်တယ်။
အဓိကက ကိုယ့်အတွက်နွေးထွေးဖို့ပါပဲ။"