7 ပတ် - ဘာသာပြန်ပါ။

အရမ်း Woke လို့ ပယ်ချခံလိုက်ရတဲ့ လူမည်း Superman
​Wall Street Journal ရဲ့ “Saving a Studio ? This Looks Like a Job for Superman!” ဆိုတဲ့ ဆောင်းပါးထဲမှာ James Gunn ရဲ့ Superman ပြန်လည်ရိုက်ကူးမှုဟာ DC Studios နဲ့ Warner Bros. Discovery ရဲ့ အနာဂတ်အတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ပြထားပါတယ်။
ဒါပေမယ့် ဒီဆောင်းပါးထဲမှာ မျက်ခွက်ပြောင်းထားတဲ့ စာသားတစ်ခုလည်းပါဝင်လာပါတယ်။ ဒါကတော့ Warner Bros. Discovery ရဲ့ အုပ်ချုပ်ရေးမှူးချုပ်ဖြစ်တဲ့ David Zaslav နဲ့ ပတ်သက်တဲ့ ဟာသလေးတစ်ခုပါ။
လွန်ခဲ့တဲ့ သုံးနှစ်တုန်းက နာမည်ကြီးစာရေးဆရာ Ta-Nehisi Coates က လူမည်း Superman တစ်ကားရိုက်ဖို့ ဇာတ်ညွန်းတွေဘာတွေရေးပြီးပြတာပေါ့။ Warner Bros. ကလည်း အမှန်အကန် ရိုက်မယ်ဆိုပြီး Ryan Coogler တို့လို ဒါရိုက်တာတွေပါ ခေါ်ပြီးရိုက်မလို့လုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် ၂၀၂၂ မှာ David Zaslav ကို Warner Bros. Discovery က အုပ်ချုပ်ရေးမှူးချုပ်အဖြစ်တာဝန်ပေးလိုက်ပြီးတဲ့နောက်မှာတော့ ဒီကောင်က ဒီ Project ကို ဖျက်သိမ်းလိုက်ပါတယ်။
“ဘယ်လောက် Woke လိုက်တဲ့ ဇာတ်လမ်းလည်း” ဆိုပြီး ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒီ Project ကို ဖျက်သိမ်းဖို့ တံခါးပိတ်အစည်းအဝေးပွဲကျင်းပပြီးတော့ ဒီ Project ကို ဒီမှာပဲ အဆုံးသတ်လိုက်ဆိုလို့ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။
လူမည်း Superman နဲ့ ပတ်သက်ပြီး DC မှာ နောက်လည်းမလာတော့သလို လာလည်းမနောက်တော့မယ့် ဇာတ်လမ်းမျိုးဖြစ်သွားခဲ့ပါပြီ။

image