Superman” ဇာတ်ကားဟာ ရုံတင် အကြိုပြသမှုမှာ $22.5 သန်းရရှိခဲ့ပြီး ဒီနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာခဲ့ပါပြီ။
ဒါဟာ ဒီနှစ်ရဲ့ “Lilo & Stitch” ရဲ့ $14.5 သန်းကို ကျော်ဖြတ်ခဲ့သလို James Gunn ရဲ့ “Guardians of the Galaxy Vol. 3” ရဲ့ $17.5 သန်းထက်လည်း ပိုများပါတယ်။
DC Studios ရဲ့ ဒီဇာတ်ကားဟာ ဒီတစ်ပတ်မှာ ပြည်တွင်းမှာ $120 သန်းကနေ $130 သန်းလောက် အဖွင့်ဝင်ငွေရဖို့ ခန့်မှန်းထားကြပါတယ်။ Warner Bros. နဲ့ တချို့ခန့်မှန်းသူတွေက သန်း $100 ကနေ သန်း $110 လောက်ပဲ ထင်ပေမယ့် တချို့ကတော့ ကောင်းတဲ့သုံးသပ်ချက်တွေကြောင့် သန်း $140 ထက်တောင် ပိုရလိမ့်မယ်လို့ ယူဆပါတယ်။ နိုင်ငံတကာမှာလည်း အနည်းဆုံး သန်း $100 ရဖို့ရှိတာမို့လို့ World Wide မှာ ဒေါ်လာ သန်း 200 လောက်ကျော်သွားမှာ သေချာပါတယ်။ ဒါဟာ ဘက်ဂျက် ဒေါ်လာ သန်း $225 နဲ့ ရိုက်ကူးထားတဲ့ “Superman” အတွက်ရော Gunn နဲ့ Safran ရဲ့ DC Universe ရဲ့အနာဂတ်အတွက်ပါ သတင်းကောင်းပါပဲ။ DC ရုပ်ရှင်တွေဟာ “The Flash”၊ “Aquaman and the Lost Kingdom”၊ “Shazam: Fury of the Gods” နဲ့ “Blue Beetle” လို မအောင်မြင်တဲ့ ဇာတ်ကားတွေနဲ့ ရုန်းကန်ခဲ့ရပြီးနောက် ဒါဟာ အပြောင်းအလဲတစ်ခုလို့မြင်မိပါတယ်။
Superman ရဲ့ နောက်ဆုံးထွက်ထားတဲ့ “Man of Steel” မှာ Henry Cavill သရုပ်ဆောင်ပြီး Zack Snyder ဒါရိုက်တာလုပ်ခဲ့တာက အကြိုပြသမှုမှာ ဒေါ်လာ $21 သန်းရခဲ့ပြီး အဖွင့်တစ်ပတ်မှာ ဒေါ်လာ $116 သန်းရခဲ့ဖူးပါတယ်။ 2016 ခုနှစ်က “Superman v. Batman: Dawn of Justice” ကတော့ ကြိုတင်ပြသမှုမှာ $27.7 သန်းရခဲ့ပြီး အဖွင့်မှာတော့ ဒေါ်လာ $166 သန်းရခဲ့ပါတယ်။
လက်ရှိမှာတော့ “Jurassic World Rebirth” ကိုအသားလေးကျော်သွားမယ်လို့ မျှော်လင့်မိပါတယ်။
