တကယ် ပိုင်ခဲ့လို့လား
<><><><><><><><>
လူတွေက -
လယ်ယာမြေ စိုက်တဲ့ လယ်ကွက်တွေကို
ဘယ်သူ ပိုင်တယ် , ဘယ်ဝါ ပိုင်တယ်
ပြောကြတာပေါ့လေ … အဲ့ဒီတော့ -
လယ်ကွက်တွေက ရီချင်တယ်တဲ့ သူတို့ကို
ပိုင်ဆိုင်တယ် ဆိုတဲ လူတွေက သူတို့ကို တကယ်မှ
မပိုင်နိုင်ပဲ …
ပိုင်ဆိုင်သူတွေက တစ်ယောက်ပြီး , တစ်ယောက်
ပြောင်းသွားကြတာကိုး
ဦးမြ ပြီးရင် သူ့သားဦးဘ ပိုင်ပြီး သူသေတော့
နောက်တစ်ယောက် ပိုင် …
ဘယ်သူက
အမှန်တကယ် သူ့ကိုအပြီး အထိ ပိုင်ဆိုင်ခဲ့လို့လဲ ။
ပိုင်ဆိုင်သူတွေက သူတို့
တကယ်မပိုင်ဘဲလည်း ဒီလယ်ကွက်က
ငါ့အပိုင် ဆိုတော့လယ်ကွက်က ရီချင်တာပေါ့လေ။
အားလုံး
ခဏဌားထားတဲ့ အိမ်, ခဏဌားထားတဲ.ကား ,
ခဏဌားထားတဲ့ ခန္ဓာ , စည်းစိမ် ဥစ္စာ ,
တချိန် ပြန်ထားပေးခဲ့ရမယ့်
ကာမဂုဏ်အာရုံတွေအပေါ်အမှန်သိမြင်နိုင်ကြပါစေ။
(ဖားအောက်တောရဆရာတော်ကြီး)
🙏🙏🙏🙏🙏🙏🙏🙏🙏