23 ပတ် - ဘာသာပြန်ပါ။

ဝက်သားနှပ် ငရုတ်သီးငပိထောင်းကြော် ပြုလုပ်နည်း...။
(Nam Prik Pao Moo) အကြာကြီးသိမ်းထားနိုင်သော ဟင်း

ဗိုက်ဆာတဲ့အခါ ဒါမှမဟုတ် အလျင်လိုတဲ့အခါမျိုးမှာ စားဖို့အတွက် ဝက်သား ငရုတ်သီးငပိကြော်ကို ကြိုလုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ကြက်ဥပြုတ်ရယ်၊ ဟင်းသီးဟင်းရွက်နည်းနည်းရယ်နဲ့တင် အရမ်းစားလို့ကောင်းတဲ့ ထမင်းတစ်နပ် ဖြစ်နေပါပြီ။ 🌶️🥣

ငရုတ်သီးငပိထောင်းအတွက် ပါဝင်ပစ္စည်းများ.....
* ငရုတ်သီးအ​ခြောက် အတောင့်ကြီး - အတောင့် ၃၀
* တရုတ်ကြက်သွန်ဖြူ - ၆ လုံး
* ကြက်သွန်နီ - ၁၅ လုံး
* ပုစွန်ငပိ - စားပွဲတင်ဇွန်း ၂ ဇွန်း
* ဝက်သားအကြေ - ၁၅၀ ဂရမ်

အရသာအတွက် ပါဝင်ပစ္စည်းများ.......
* မန်ကျည်းမှည့်အနှစ် - စားပွဲတင်ဇွန်း ၇ ဇွန်း
* ထန်းလျက် - စားပွဲတင်ဇွန်း ၈ ဇွန်း
* ငါးငံပြာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
ကြိုက်နှစ်သက်ရာ အရသာကို မြည်းစမ်းပြီး ချိန်ညှိထပ်ထည့်နိုင်ပါတယ်။ အစပ်၊ အငန်၊ အချဉ်၊ အချို အရသာတွေ ရရှိနေရပါမယ်။ ဟင်းခတ်မှုန့်လည်း ကြိုက်သလောက် ထည့်လို့ရပါတယ်။

ပြုလုပ်နည်း....... ⛳️
၁။ ငရုတ်သီးအခြောက်တောင့်တွေကို အရမ်းမမဲအောင် လှော်ပါ။ အရောင်မဲသွားရင် စားချင်စရာမကောင်း ဖြစ်သွားနိုင်ပါတယ်။ ပြီးရင် ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို နူးအိလာတဲ့အထိ လှော်ပါ။

၂။ လှော်ထားတဲ့ ငရုတ်သီးတွေကို ညက်နေအောင် ထောင်းပါ။ ပြီးရင် လှော်ထားတဲ့ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို ထည့်ပြီး သမအောင် ထောင်းပါ။ အားလုံး ရောသွားပြီဆိုရင် ပုစွန်ငပိကို ထည့်ပြီး ထပ်ထောင်းပါ။ ငရုတ်သီးထောင်းက အရမ်းပြစ်နေတယ်ဆိုရင် ရေနည်းနည်း ထည့်နိုင်ပါတယ်။

၃။ ဒယ်အိုးထဲ ဆီထည့်ပြီး ငရုတ်သီးထောင်းကို ဆီသတ်ပါ။ ငရုတ်သီးထောင်းက မွှေးလာပြီး ပုစွန်ငါးပိကျက်ပြီဆိုရင် ဝက်သားကြေကို ထည့်ပြီး ရောကြော်ပါ။

၄။ ဝက်သား နူးအိလာပြီဆိုရင် မန်ကျည်းမှည့်အနှစ်၊ ငံပြာရည်၊ ထန်းလျက်တို့နဲ့ အရသာနယ်ပါ။ အစပ်၊ အငန်၊ အချဉ်၊ အချို အရသာရှိအောင် မြည်းကြည့်ပါ။ ပြီးရင် မိမိနှစ်သက်ရာ အပြစ်အကျဲဖြစ်လာတဲ့အထိ ဆက်ပြီး မွှေကြော်ပါ။ ပြီးရင် မီးဖိုပေါ်ကနေချပြီး အအေးခံပါ။ အအေးခံပြီးရင် ပုလင်း ဒါမှမဟုတ် ဘူးထဲမှာ ထည့်သိမ်းထားလို့ရပါပြီ။ ဒါဆိုရင် ပြီးပါပြီ........။😋

image