4 ရက် - ဘာသာပြန်ပါ။

ရင်ချင်းဆက်အမြွှာညီအစ်မ ရန်ကုန်ဟလ်ပင်ကလေးဆေးရုံကြီးသို့ ရောက်ရှိလာ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့သည့် ရင်ချင်းဆက်အမြွှာညီအစ်မမှာ လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုများ ခံယူနိုင်ရန်အတွက် ရန်ကုန်ဟလ်ပင်ကလေးဆေးရုံကြီးသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကလေးနှင့်မိခင်တို့ ကျန်းမာလျှက်ရှိနေသည်ဟုဆိုသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာညီအမကို ဇူလိုင် ၉ ရက် ည ၉ နာရီ ၄၂ မိနစ်အချိန်၌ အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ခြင်းလည်းဖြစ်ပြီး၊ ဘီးလင်းမြို့နယ်၊ ပိုင်ဒဝယ်ကျေးရွာတွင် နေထိုင်သည့် နော်ချောဂေဆိုသူအမျိုးသမီး၏ (၅) ကြိမ်မြောက်ကိုယ်ဝန်တွင် အဆိုပါ ရင်ချင်းဆက် အမြွှာညီအမကိုမွေးဖွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။