🌵 ငရုတ်ပင်ပုကို ဗူးနဲ့စိုက်ပြီး အသီးသီးအောင်လုပ်နည်း 🌵
🌶 လိုအပ်သောပစ္စည်းများ........
၁။ ငရုတ်သီးအစိမ်း
၂။ ၅ လီတာပလပ်စတစ်ဗူးခွံ
၃။ နုံးမြေ
၄။ မြေဆွေး (နွားချေး/ကြက်ချေး)
၅။ အုန်းမှုန့် (အုန်းဆံဖက်)
၆။ ပါရာ (ပါရာစီတမော)
🌶 စိုက်ပျိုးနည်း..........
၁။ ၅ လီတာ ပလပ်စတစ်ဗူးကို ထက်ဝက်ပိုင်း၍ စိုက်ပျိုးရန်
ပြင်ဆင်ပါ။
၂။ နုံးမြေ ၃ ပုံ၊ မြေဆွေး ၁ ပုံ၊ အုန်းမှုန့် ၁ ပုံတို့ကို ရောမွှေပြီး
ပြင်ဆင်ထားသော ဗူးထဲသို့ ထည့်ပါ။
၃။ အကောင်းဆုံး ငရုတ်သီးအစိမ်းမှ အစေ့များကို ထုတ်ယူ
၍ ရေစင်အောင်ဆေးပြီး ပျိုးအိတ်ထဲတွင် အပင်ပေါက်
အောင် ပြုလုပ်ပါ။ အရွက် ၃-၄ ရွက် စပေါက်လာသည်
အထိ စောင့်ပါ။
၄။ ပျိုးပင်ပေါက်များကို ဗူးထဲရှိ ပြင်ဆင်ထားတဲ့ မြေနေရာ
လွတ်ထဲတွင် စိုက်ထည့်ပြီး မြေကြီးကို သေချာဖုံးဖိပေးပါ။
ရေဝအောင်လောင်းပြီး နေရောင်ကောင်းစွာရရှိသည့်နေရာ
တွင် ထားပါ။
၅။ စိုက်ပျိုးပြီး ရက် ၃၀ ကြာသောအခါ အပွင့်နှင့် အသီးများ
ပိုမိုထွက်ရှိစေရန် ငရုတ်ပင်၏ အပေါ်ပိုင်းကို ဖြတ်ပေးပါ။
၆။ အပင်ကြီးထွားမှုနှင့် ပန်းပွင့်ခြင်းကို အားပေးရန်အတွက်
ပါရာစီတမော ဆေးပြား ၁ ပြားကို ရေသန့် ၁ လီတာနှင့်
ရောပြီး တစ်လလျှင် တစ်ကြိမ် ဖြန်းပေးပါ။
၇။ ရက် ၆၀ မှ ၉၀ ကြာသောအခါ ငရုတ်ပုပင်မှ အသီးများ
စတင်သီးလာမည်ဖြစ်ပြီး စားသုံးနိုင်ပါပြီ။
အဆင်ပြေကြပါစေ......! 🌱