မိဘနေရာရောက်လာရင် ၊ သားသမီးတွေရှိလာရင်
မျှတမှုရှိဖို့အပြင် သမာသမတ်ရှိဖို့ကတော့ အဓိကအကျဆုံးပါပဲ။
ငိုတတ်တဲ့ ကလေးမုန့်ပိုကျွေးလိုက်မယ်ဟဲ့ဆိုပြီး
ပလီပလာနဲ့ ငိုပြချွဲပြတတ်တဲ့ ကလေးကို မျက်နှာသာအရမ်းပေးပစ်ပြီး ....
သူပြောသမျှ အဟုတ်ထင်၊ ကျန်တဲ့သူတွေအပေါ်ကို ထောင်းထုတာများရင် နာကျင်ရတဲ့ဘက်မှာတော့ ဒဏ်ရာတွေ အမာရွတ်တွေက ရှိလာတာပါပဲ ။
မဟုတ်တာကို သူကပဲလုပ်
သူကပဲ အရင်ငိုတိုင်တတ်တဲ့သူရယ် ၊
လုပ်သမျှကိုခံလိုက်ရပြီး မငိုတတ်
အပြောမတတ်သူကတော့ ရှိနေဦးမှာပါပဲ။
မျှတမှုမရှိတာများလာရင်
လျော့ရဲလာမယ့် ဆက်ဆံရေးတွေကလည်း
အများကြီးပါပဲ ။
#crd