23 ပတ် - ဘာသာပြန်ပါ။

ပုဇွန်အစိမ်းသုပ်

ချဉ်ငံ့စပ် ပုဇွန် အစိမ်းသုပ်ပါ။ ပုဇွန်က အစိမ်းသုပ်ဖို့ လတ်ဆတ်တဲ့ ပုဇွန် ဖြစ်ဖို့တော့ လိုပါတယ်။ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင် တို့ဖြင့် ရောသုပ်ထားတာပါ။ ခုပဲ သုပ်စားရအောင်…

ပါ၀င်ပစ္စည်းများ

ပုဇွန်ကျား – ၂၀၀ ဂရမ် (အမှီချန်ပြီ အခွံနွှာပေးပါ)
ကြက်သွန်ဖြူ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
ငရုတ်သီးနီ – ၄-၆ခု (ပါးပါးလှီးပါ)
နံနံပင် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)
ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၃ဇွန်း
သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဆော့ရည် ပြုလုပ်နည်း

၁။ ဆော့ရည်ပြုလုပ်ရန် ခွက်တစ်ခုထဲ သကြားကို ရေနွေး(စားပွဲတင်ဇွန်း ၂ဇွန်း)ဖြင့် သကြား အရည်ပျော်အောင် မွှေလိုက်ပါ။

၂။ ပြီနောက် ခွက်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးနီ၊ နံနံပင်၊ ပဲငံပြာရည်၊ ဗီနီကာ၊ သကြားရည်တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

သုပ်နည်း

၁။ အရင်ဆုံး ပုဇွန်ကျားကို ဓားဖြင့် ကျောခွဲပြီ ချေးထုတ်ပေးပါ။

၂။ ပြီနောက် ပုဇွန်ကျားများကို ပန်းကန်ပေါ်သို့ တင်ပြီ အပေါ်မှ ဆော့ရည်များကို ဆမ်းလိုက်ပါ။

၃။ ပြီလျှင် အပေါ်မှ သံပရာရည်များ ညှစ်ကာ ပုဇွန်အစိမ်းသုပ်ကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ…

image