ဟိုတယ်များအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန် ဟိုတယ်ခရီးက ကူညီမည်
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဟိုတယ်လုပ်ငန်းများအမြန်ဆုံးပြန်လည်လည်ပတ်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဟု ဟိုတယ်ခရီး၏ ပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းမှ ငလျင်ဒဏ်သင့်ခဲ့သည့် နေပြည်တော် ဟိုတယ်ဇုန်(၂)ရှိ ဟိုတယ်များမှ လုပ်ငန်းရှင်များ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများအား ဇူလိုင် ၁၀ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဟိုတယ်ဇုန်(၂)ရှိ ငလျင်ဒဏ်ကြောင့် ပြိုကျပျ-က်စီးနေသော အဆောက်အအုံများကို အမြန်ဆုံးဖယ်ရှား ရှင်းလင်းပြီးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်တည်ဆောက်ပြုပြင်ခြင်း၊ ထိခို-က်ပျ-က်စီးမှုနည်းသော အပြာရောင်အဆင့် အဆောက်အအုံများကို ပြန်လည်ပြုပြင်မွမ်းမံ၍ ခရီးသွားရာသီကာလ ခရီးသွားများပိုမို ဝင်ရောက်လာချိန်မတိုင်မီ အဆင် သင့်ဖြစ်နေစေရန် ကြိုတင်ပြင်ဆင်ကြရေးဆွေးနွေးကြ သည်။
"ဝန်ကြီးဌာနအနေနဲ့ ဟိုတယ်လုပ်ငန်းတွေအမြန်ဆုံး ပြန်လည်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တာတွေကူ ညီပံ့ပိုးပေးသွားပါမယ်။ ဟိုတယ်တွေအနေနဲ့ ဟိုတယ်နဲ့ဆက်စပ်လုပ်ငန်းတွေကိုသာ လိုင်စင်သတ် မှတ်ချက်နဲ့အညီလုပ်ကိုင်ဖို့လိုပါတယ်"ဟု ပြည်ထောင်စုဝန်ကြီးဦးကျော်စိုးဝင်းက ပြောသည်။
ထို့နောက် တက်ရောက်လာကြသူများက ဟိုတယ်များ၏ ထိခို-က်ပျ-က်စီးဆုံးရှုံးမှု၊ ပျ-က်စီးသောနေရာများဖယ်ရှားရှင်းလင်းထားရှိမှု၊ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ လုပ်ငန်းများပြန်လည်လည်ပတ်နေမှုနှင့် တွေ့ကြုံရသည့် အခက်အခဲများကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။