1 ရက် - ဘာသာပြန်ပါ။

လားရှိုးတွင် နိုင်ငံသားစီစစ်ရေးကတ် လာရောက်ပြုလုပ်သူများပြား
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ လားရှိုးမြို့ရှိ လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာန၌ နိုင်ငံသားစီစစ်ရေးကတ် လျှောက်ထားကြသူများနှင့် အိမ်ထောင်စုစာရင်းအသစ်နှင့် မွေးတိုးလာရော က်ပြုလုပ်ကြသူ များပြားလျက်ရှိကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထိုသို့ လာရောက်ပြုလုပ်ရာ၌ အသက် (၁၂) နှစ်အထက် ကလေးများအတွက် နိုင်ငံသားစီစစ်ရေးကတ်ပြားပြုလုပ်သူများလည်း ရှိနေကြောင်း ဆိုသည်။
"အချို့တွေက တို-က်ပွဲဖြစ်တုန်းက ပျ-က်စီးတာ ၊ ပျောက်ဆုံးတာတွေရှိနေတော့ ပြန်လာလုပ်ကြ‌တာတွေရှိတယ်။ ရုံးမှာက လက်ခံရှိထားတော့ ပြန်လုပ်လို့ရတယ်။ ဒါပေမဲ့လူများတော့ စောင့်ရတာပေါ့။ စာရွက်စာတမ်းစုံလို့ တိုက်စစ်လို့ မှန်တယ်ဆို နေ့ချင်းရတဲ့သူတွေရှိပါတယ်။ ဒါကမှတ်ပုံတင် အ သစ်လျောက်တဲ့သူတွေပေါ့"ဟု ၎င်းက ဆိုသည်။
ယင်းအတွက် လားရှိုးမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီး ဌာန ရုံးရှေ့လမ်းတွင် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပွားသည်အထိရှိနေကြောင်း သိရသည်။
လက်ရှိ လားရှိုးမြို့တွင် အေးဆေးတည်ငြိမ်လျက်ရှိပြီး မည်သည့် ပဋိပက္ခဖြစ်ပွားမှုမျိုး မရှိသော်လည်း ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် လျှပ်စစ်မီးမမှန်ခြင်းများရှိနေသေးသည်ဟု ၎င်းက ဖြည့်စွက်ဆိုသည်။

image