ပုဇွန်ဆိတ် ငပိကြော် ကြော်နည်း......။
မန်ကျည်းမှည့်လေးနဲ့ ကြော်ထားတာမို့အရမ်း စားလို့ကောင်းပါတယ်။ ထမင်းစားလဲ မြိန်စေတယ်...... 😋

ချက်နည်း.........

ပုဇွန်ဆိတ်ကို ခေါင်းဖြုတ် သန့်စင်ပြီး ဆားအနည်းငယ်နဲ့ ဒယ်အိုးထဲ ရေခန်းသည်ထိ လှော်ထားပေးပါ။

ဒယ်အိုးထဲ ဆီ ၅ ကျပ်သားလောက်ထည့် အပူပေးပြီး ကြက်သွန်နီ ၂ လုံး ကြက်သွန်ဖြူ ၅ မွှာခန့် ပါးပါးလှီးထားတာကို နနွင်းမှူန့်အနည်းငယ်ဖြင့် ဆီသတ်‌ပါ။

မန်ကျည်းသီးမှည့် ထမင်းစားဇွန်း ၁ ဇွန်းခန့်ကို ရေနွေးဖြင့် စိမ်ပြီး အနှစ်ရအောင်နယ်ထားပါ။

ကြက်သွန်ဖြူနီများ နွမ်းနေအောင်ဆီသတ်ပြီးနောက် ပုဇွန်ဆိတ်လှော်ထားတာကိုထည့်ပြီး အရသာအတွက် ကြက်သားမှူန့်လက်ဖက်စားဇွန်း ၂ ဇွန်း၊ ဆား လက်ဖက်စားဇွန်း ၁ ဇွန်း၊
မျှင်ငပိ ထမင်းစားဇွန်းဝက်၊ ငရုပ်သီး အကျက်မှူန့် ထမင်းစားဇွန်း၀က်၊ ငရုပ်သီး အကြမ်းဖတ် ထမင်းစားဇွန်းတစ်၀က်၊ မန်ကျည်းအနှစ်၊ ရေနွေး အနည်းငယ်တို့ထည့်ပြီး သမအောင်ရောမွှေပေးပါ။ ရေခန်းခါနီး ငရုပ်သီးစိမ်းထည့်ကာ ဆီပြန်သည်ထိ နှပ်ထား၍ လိုချင်တဲ့အနေအထားရရင် အဖုံးအုပ် မီးပိတ် သုံးဆောင်လို့ ရပါပြီးရှင့်........။

image