မနက်ဖြန်တိုင်းအတွက် ရှင်သန်ပါ
အသက်ရှူသံတွေကို ကြားနေရသမျှ မနက်ဖြန်အတွက် ကျွန်တော်တို့ သန်မာကြရအောင် ။ “ ဘဝမှာ ငိုကြွေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပြိုလဲခွင့်မရှိဘူး သူငယ်ချင်း ။ ပြီးတော့ ငါတို့ မနိုင်တဲ့ အရာတစ်ခုအပေါ်မှာ အရှုံးပေးခွင့်ရှိတယ် ။ ဒါပေမဲ့ ပျော့ညံ့စွာနဲ့ ငါတို့ ကျဆုံးခွင့်မရှိဘူး ။ မင်း ဘယ်လမ်းကိုသွားမလဲ ။ မင်းကြိုက်တဲ့လမ်းကို လျှောက်ခွင့်ရှိတယ် ။ ဒါပေမဲ့ လမ်းတော့ မပျောက်စေနဲ့ ။ ဘယ်လိုအရာမျိုးကိုမဆို မင်းမှာ စွန့်စားခွင့်ရှိတယ် ။ ဒါပေမဲ့
မအောင်မြင်တဲ့အခါတိုင်း မင်းရဲ့စွန့်စားခြင်းကို ရပ်တန့်မပစ်လိုက်ပါနဲ့ ။
တကယ်တော့ ဘဝဆိုတာ သေဆုံးဖို့အတွက် ရှင်သန်နေတာမဟုတ်ဘူး ။ ဒါကြောင့် ငါဟာ ဘယ်လိုဘဝမျိုးကိုပဲရောက်ရောက် ဆက်လျှောက်နေမှာပဲ ။ ဘယ်တော့မှ စိတ်ဓာတ်မကျဘူး ။ ဘယ်တော့မှ အားမငယ်ဘူး ။
#သံစဉ်သစ်

image