7 w - Translate

ဝက်မွေးမြူရေးသမားတွေ ဆေးဖိုးကုန်ကျစရိတ်ဘယ်လိုလျော့ချမလဲ?

ဝက်မွေးမြူရေးမှာ ဆေးဖိုးကုန်ကျစရိတ်ဟာ တကယ်တမ်းသေချာပြုစုစောင့်ရှောင့်မယ်ဆိုရင်မရှိသလောက်ကိုနည်းပါတယ်။

ဒါပေမယ့်တိုးတက်လာတဲ့ခေတ်နဲ့အညီ ယနေ့မှာဆိုရင် ဝက်မွေးမြူရေးသမားတွေဟာ ဘယ်ဝက်မွေးသူကဘာ‌ ဆေးကောင်းတယ်ဆိုရင် အဲ့တာကိုအသည်းအသန်ရှာဝယ်ကြတယ် အဲ့ဆေးမရရင်ကိုသူတို့မှာ ခေတ်မမီတော့သလိုလို ဖြစ်နေတဲ့‌ ရောဂါက ဒီဆေးကိုပဲအသုံးပြုမှ ပျောက်တော့မှာလိုလိုဖြစ်လာကြတယ်။

ကျွန်တော်လည်းအခုဆေးဆိုင်ဖွင့်ထားတော့ဒါတွေကိုပိုပိုပြီးတွေ့လာရတယ်။ဥပမာဗျာ ဝက်တစ်ကောင်ချောင်းဆိုးတယ်ဆိုပါတော့ ဝက်မွေးသမားတစ်ယောက်က Amogen နဲ့ပျောက်သွားလို့လိုင်းပေါ်မှာ မျှဝေလိုက်တယ်ဆိုပါတော့ အဲ့မှာအခုမှဝက်စမွေးတဲ့ လိုင်းပေါ်မှာလေ့လာတဲ့သူတွေက Amogenဆိုတာချောင်းဆိုးပျောက်ဆေးဆိုပြီး ခေါင်းထဲ စွဲမှတ်သွားကြတယ်။တကယ်တော့ Amogenဆိုတာကတော့ ပဋိဇီဝဆေးတစ်မျိုးသာဖြစ်ပါတယ်။ဘတ်တီးရီးယားကြောင့်ဖြစ်စေသောချောင်းဆိုးခြင်း အဆုတ်ရောင်းခြင်းတို့ကိုပျောက်ကင်းသက်သာစေနိုင်ပေမယ့် ပြုစုစောင့်ရှောက်မှုညံ့ဖျင်းလို့ ချောင်းဆိုးတာ၊ရာသီဥတုကြောင့်ချောင်းဆိုးတာမျိုးကိုမပျောက်စေနိုင်ပါဘူး။အဲ့တော့ ဆက်ပြောရရင်Amogenဆိုတာ တခြားနေရာမှာလည်းသုံးလို့ရသေးတယ်ဆိုတာသိစေချင်တယ်။ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါ၊ဆီးလမ်းကြောင်းရောဂါကိုလည်းပျောက်ကင်းစေတယ်ဆိုတာသိထားဖို့လည်းလိုအပ်ပါတယ်။နောက်ပြီးတော့ ဘတ်တီးရီးယားကြောင့်သာချောင်းဆိုးတယ်ဆိုရင် တစ်ခြား ပဋိဇီဝဆေးတွေ အမျိုးပေါင်းအများကြီးရှိတယ်ဆိုတာလည်းသိထားစေချင်တယ်။

နောက်တစ်ခုက ဝက်ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်ကြတယ်ဆိုပါစို့။ဝက်မွေးသမားအများစုဟာ ဝမ်းပျက်ဝမ်းလျောဖြစ်ပြီဆိုတာနဲ့ Scour solution သုံးမှကိုဖြစ်တော့မယ်၊ချီးဖြူပန်းပြီဆိုလည်း Navet coxကိုအသုံးပြုမှဖြစ်‌ တော့မယ်ကြတယ်၊ဒီဆေးမှမဟုတ်ရင်မနိုင်တော့ဘူးဆိုတဲ့အတွေးတွေပဲရှိကြတယ်။အဲ့တော့ အဲ့ဆေးတွေမရတော့ဒုက္ခရောက်ကြရော။အဲ့တော့ဘာလုပ်ရဘာကိုင်ရမသိပြာယာတွေခတ်နေကြရော။

နောက်တစ်ခုရှိသေးတယ် အားဆေးအသုံးပြုကြတယ်ထား Vitaject ကကြီးထွားနှုန်းကောင်းတယ်လို့တစ်ယောက်ကမျှဝေလိုက်တယ်။အဲ့တော့ Vitaject တစ်မျိုးတည်းကိုပဲ အသည်းအသန် ဖြစ်ကြပြန်ရောအဲ့တာမှမရရင်ပဲ ဝက်တွေက ဝိတ်မတက်တော့မယ့်အတိုင်းပဲပြာယာတွေခတ်ကြပြန်ရော။

တကယ်တော့ ဝက်မွေးသမားတွေဟာ ဘယ်သူကဘာကောင်းတယ်ဆိုတိုင်းလိုက်လုပ်နေစရာမလိုဘူး။ကိုယ်နည်းကိုယ့်ဟန်နဲ့ ကိုယ်တတ်နိုင်တဲ့အရင်းအနှီးလေးတွေကိုတိုးပွားလာအောင်စီးပွားဖြစ်ဝက်မွေးကြတာပါ။ကိုယ်က အစာဖိုးဘယ်လောက်တွက်ထားလဲ၊ဝက်ပေါက်ဖိုးဘယ်လောက်တွက်ထားလဲ၊ကာကွယ်ဆေးနဲ့ဆေးဖိုးဘယ်လောက်တွက်ထားလဲ၊ခြံကုန်ကျစရိတ်ကရောဘယ်လောက်တွက်ထားလဲ၊ကိုယ်တွက်ထားတဲ့ အတိုင်းအတာပမာဏနဲ့ ကိုယ်က ဆေးဖိုးကိုဘယ်လောက်အသုံးပြုမလဲ။အဲ့‌ တော့နားလည်တတ်ကျွမ်းတဲ့သူနဲ့သာဖြစ်တဲ့ရောဂါအကြောင်းတိုင်ပင်စေချင်ပါတယ်။တကယ်တမ်းဝက်တစ်ကောင်အတွက်ဆေးဖိုးကုန်ကျစရိတ်ဟာတစ်ကောင်ကို အလွန်ဆုံးသောင်းပဲရှိသင့်တယ်။ဒါတောင်ကာကွယ်ဆေးစနစ်တကျထိုး သန်ချဆေးစနစ်ကျနဲ့အားဆေးစနစ်တကျထိုးတဲ့ခြံမှာပါ။အကယ်၍သာ ဝက်တစ်ကောင်မှာ ဆေးဖိုးကုန်ကျစရိတ်ကတစ်သောင်းထက်များနေရင်တော့သင်လျော့သင့်နေပြီ။အမြတ်နည်းတယ်ဆိုတာလည်းဆေးဖိုးတွေကြောင့်ဆိုတာမွေးမြူရေးသမားတော်တော်များများကမေ့ထားတတ်ကြတယ်။တကယ်တမ်း စနစ်တကျမွေးတဲ့လူတွေဆိုရင် ဆေးဖိုးဟာ ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၂-၄ ရာခိုင်နှုန်းပဲရှိသင့်တာပါ။

အဲ့တော့ မိမိရဲ့ခြံမှာ ပြဿနာတစ်ခုခုတက်ပြီဆိုတိုင်းဆေးထိုးဖို့ နှင့် ဆရာဝန်ခေါ်ဖို့ချည်းအားမသာပါနဲ့ ကိုယ်ကဘယ်နေရာမှာ မှားနေလဲ စီမံခန့်ခွဲမှုမှားယွင်းနေလို့လားဆိုတာအရင်ဆုံးသိအောင်လုပ်သင့်ပါတယ်။ခြံစီမံခန့်ခွဲမှု အားလုံးပြည့်စုံနေတယ်ကောင်းမွန်နေရက်သားနဲ့ ဝက်တွေဖျားတယ် မှသာဆေးဝါးအသုံးပြုဖို့ကိုစဉ်းစားသင့်ပါတယ်။

တစ်ချို့အရာတွေကဆေးမလိုပါဘူး သင်ခြံစီမံခန့်ခွဲမှုသာသေချာလေးလုပ်မယ်ဆိုရင် ဘာဆေးမှထိုးစရာမလိုပဲပျောက်သွားနိုင်တဲ့နည်းတွေအများကြီးပါ။ဆေးဖိုးကုန်ကျစရိတ်ကို ခြံစီမံခန့်ခွဲမှုနဲ့လျော့ချလို့ရတယ်ဆိုတာသိထားပါ။

#မလိုအပ်ပဲဆေးဝါးတွေအသုံးမပြုပါနဲ့။

#မည့်သည့်ဆေးတင်သွင်းတဲ့ ကုမ္မဏီကိုမှတိုက်ခိုက်ခြင်းမဟုတ်ပါ။

အောင်မြင်တဲ့မွေးမြူရေးသမားများဖြစ်ကြပါစေ။

လေးစားစွာဖြင့်

credit..