7 ပတ် - ဘာသာပြန်ပါ။

"I Fine...Thank You...Love You" (2014)

ဂျန် အဖြစ် Sunny Suwanmethanont
ပလန် အဖြစ် Ice Preechaya

မင်းသားကြီး P Sunny ပါဝင် သရုပ်ဆောင်ထားပြီး လူကြိုက်များကျော်ကြားခဲ့တဲ့ အချစ်ဟာသဇာတ်မြူးကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအကျဥ်းကတော့...

အင်္ဂလိပ်သင်တန်းဆရာမတစ်ဦးဖြစ်တဲ့ ပလန်။
တက်ကြွပြီးချစ်ဖိုကောင်းတဲ့ကောင်မလေးပေါ့။

ဂျန်ကတော့ ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာတစ်ယောက်ပါ။  သူ့ရည်းစားကသူ့ကိုပလစ်ပြီးနိုင်ငံခြားထွက်သွားတဲ့ စွန့်ပစ်ခံကောင်လေးပေါ့။

ပလန်နဲ့ဂျန်ကိုတွေ့ဆုံဖိုဖြစ်လာတဲ့အကြောင်းရင်းကတော့ ထူးဆန်းပါတယ်။ ဂျန်ရဲ့ရည်းစားကိုအင်္ဂလိပ်စာသင်ပေးလိုက်တဲ့ဆရာမက ပလန်ဖြစ်နေတာပါပဲ။စော်ပစ်ကောင်လေး ဂျန်ဟာ သူ့ရည်းစားနောက်ကိုလိုက်သွားဖို ပလန်ကို အင်္ဂလိပ်စာသင်ခိုင်းပါလေရော။

ဒီလိုနဲ့စာသင်ပေးဖိုဖြစ်လာရင်း သံယောဇဥ်တွေတိုးလာမှာလား။ဂျန်ကရောသူ့ရည်းစားနောက်လိုက်သွားဦးမှာလားဆိုတာကို ဒီဟာသဇာတ်မြူးဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြရအောင်။
https://t.me/c/2425426412/1331

image