7 ပတ် - ဘာသာပြန်ပါ။

Netflix မှာ ယခုအထိ ကြည့်ရှုမှုနှုန်း မကျသေးတဲ့ Squid Game
ဇူလိုင် ၉၊ ၂၀၂၅။
သရုပ်ဆောင် Lee Jung jae ရဲ့ ကိုရီးယားစကားပြော Netflix ရုပ်သံဇာတ်လမ်းတွဲ Squid Game ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကပဲ နောက်ဆုံး Season ဖြစ်တဲ့ Season 3 ကို စတင်ပြသခဲ့ပြီးပြီဖြစ်ပါတယ်။
အပိုင်း ၆ ပိုင်း ပါဝင်တဲ့ Squid Game Season 3 ဟာ စတင်ပြသတဲ့ ဇွန်လ ၂၇ ရက်နေ့မှာတင်ပဲ ကြည့်ရှုမှုပမာဏ ၆၀.၁ သန်းအထိ ရှိခဲ့ပြီး နှစ်ပတ်အကြာ ယခုအခါမှာတော့ ကြည့်ရှုမှုပမာဏ ၁၀၆.၃ သန်းအထိ ရှိနေပြီဖြစ်ပါတယ်။
ဒါဟာ Netflix ရဲ့ တတိယမြောက်ပွဲထွက်အလှဆုံးရုပ်သံဇာတ်လမ်းတွဲဆိုတဲ့စံချိန်ကိုရောက်ရှိခဲ့တာဖြစ်ပြီး Squid Game အထက်မှာတော့ အင်္ဂလိပ်ဇာတ်လမ်းတွဲ Stranger Things နဲ့ စပိန်ဇာတ်လမ်းတွဲ Money Heist တို့က နေရာယူထားလျက်ရှိပါတယ်။
၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Netflix ရဲ့ ကိုရီးယားစကားပြော survival thriller ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Squid Game ဟာ နိုင်ငံတကာအတိုင်းအတာအထိ အောင်မြင်မှုများစွာရရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အဲဒီလိုအောင်မြင်မှုတွေကြောင့် Netflix ဟာ Squid Game ကို Season 2 နဲ့ Season 3 အသီးသီးထုတ်လုပ်ပြသခဲ့တာပါ။
Squid Game Season 3 မှာ ယခင် Season 1 မှာ ပါဝင်ခဲ့တဲ့သရုပ်ဆောင်တွေထဲက Lee Jung-jae, Lee Byung-hoon, Wi Ha-jun, Gong Yoo, Yim Si-wan, Kang Ha-neul နဲ့ Park Sun-hoon Yang Dong-geun တို့လည်း ပြန်လည်ပါဝင်လာကြသလို Season 2 နဲ့ 3 မှာတော့ K-Pop အဆိုတော်တစ်ယောက်ဖြစ်တဲ့ T.O.P. ခေါ် Choi Seung-hyun, Heartbeat နဲ့ D.P. သရုပ်ဆောင် Jo Yu-ri နဲ့ Sweet Home သရုပ်ဆောင် Park Gyu-young နဲ့ Lee jin-uk အပါအဝင် နောက်ထပ် သရုပ်ဆောင် ၈ ယောက်လည်း ထပ်မံပါဝင်ထားကြပါသေးတယ်။

image