ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်ဖွယ်ရှိနေတဲ့ ကရင်မလင်မှော်ဆရာ ရုပ်ရှင်
ဇူလိုင်လ ၇ ရက်၊ ၂၀၂၅။
ပြင်သစ်ဒါရိုက်တာ Olivier Assayas ရဲ့ ရုပ်ရှင်အသစ် The Wizard of Kremlin ဟာ လာမယ့် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပထမဆုံးအကြိမ် ပြသဖို့ မျှော်လင့်နေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီရုပ်ရှင်မှာတော့ မင်းသားကြီး Jude Law က ရုရှားသမ္မတ ဗလာဒီမာ ပူတင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ Giuliano da Empoli ရေးသားတဲ့ အရောင်းရဆုံး ဝတ္ထုကို အခြေခံထားတာ ဖြစ်ပါတယ်။ ပူတင်ရဲ့ နိုင်ငံရေးအကြံပေး Vadim Baranov ရဲ့ ရှူထောင့်နေတဆင့် ပူတင်အာဏာရလာပုံကို ပုံဖော်ထားတာ ဖြစ်ပါတယ်။
Jude Law နဲ့အတူ Paul Dano, Alicia Vikander, Zach Galifianakis နဲ့ Tom Sturridge တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ Olivier Assayas ဟာ Carlos နဲ့ Personal Shopper တို့လို ထင်ရှားတဲ့ ရုပ်ရှင်တွေကို ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

image