7 ပတ် - ဘာသာပြန်ပါ။

ပဋိပက္ခ များ တိုးပွားစေတဲ့ သတင်းဌာနတွေနဲ့ ရန်ပုံငွေစနစ်တွေကို ထိန်းချုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်လို နစက ဥက္ကဋ္ဌ ကန်သမ္မတဆီ စာပြန်ပို
သမ္မတကြီးအနေနဲ့ ကမ္ဘာ့တည်ငြိမ်အေးချမ်းမှုကိုရှေ့ရှုပြီး ပဋိပက္ခတွေ တိုးပွားစေတဲ့ သတင်းဌာနတွေနဲ့ ရန်ပုံငွေစနစ်တွေကို ထိန်းချုပ်ပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိတယ်လို့ နစက ဥက္ကဋ္ဌက အမေရိကန်သမ္မတ ဒေါ်နယ်ထရွမ့်ဆီကို အကြောင်းကြားစာထပ်မံပေးပို့ခဲ့တယ္လို့ သိရပါတယ်။မမှန်မကန် သတင်းအချက်အလက်တွေကိုသာ တစ်ဖက်သတ်ထုတ်လွှင့်ခဲ့မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေမှန်တွေကို နိုင်ငံတကာကသိရှိမှုမရှိဘဲ သတင်းမှားတွေကို အခြေခံကာ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ခဲ့တွေ ဖြစ်ပေါ်ခဲ့ရတယ်လို့လည်း နစကဥက္ကဋ္ဌရဲ့အကြောင်းကြားစာကဆိုပါတယ်။အမေရိကန်ပြည်ထောင်စုကလည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှုတွေချမှတ်ထားရာ ထိုအရေးယူ ပိတ်ဆို့ ထားမှုတွေဟာ မိမိတို့ နှစ်နိုင်ငံအတွက် မည်သို့မျှအကျိုးမရှိခြင်းကြောင့် နှစ်နိုင်ငံ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေ့ရှုကာ ယခင်ကချမှတ်ခဲ့တဲ့ စီးပွားရေး ပိတ်ဆို့မှု တွေကို ဖြေလျော့ရုပ်သိမ်းပေးဖို့ကိုလည်း နစက ဥက္ကဋ္ဌက မေတ္တာရပ်ခံထားတာဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၄ နိုင်ငံကို သွင်းကုန်ခွန်တိုးမြှင့် စည်းကြပ်ထားမှုနဲ့ပတ်သက်ပြီး ပေးပို့တဲ့ သဝဏ်လွှာ/အကြောင်းကြားစာနဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ထံသဝဏ်လွှာ/အကြောင်းကြားစာပြန်လည်ပေးပို့ခဲ့တာဖြစ်ပါတယ်။

image
image
image
image