16 w - Translate

ခန္ဓာကိုယ်ရဲ့ "အချစ်ဟော်မုန်း" လို့ လူသိများတဲ့ Oxytocin ဟာ ချစ်ခင်တွယ်တာမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတွေအတွက် အဓိက ဟော်မုန်းဖြစ်တယ်လို့ လူသိများပါတယ်။ အခုတော့ ဒီဟော်မုန်းဟာ နှလုံးထိခိုက်ပြီးနောက် နှလုံးတစ်သျှူးတွေကို ပြန်လည်ဖြစ်ပေါ်စေဖို့ ကူညီပေးနိုင်တယ် ဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
Neuro Science News ရဲ့ ဖော်ပြချက်အရ ၂၀၂၂ ခုနှစ် Michigan State University က သုတေသီတွေ ဦးဆောင်ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Oxytocin ဟာ နှလုံးရဲ့ အပြင်ဘက်အလွှာမှာရှိတဲ့ အထူးဆဲလ်တွေကို ကြွက်သားဆဲလ်တွေအဖြစ် ပြောင်းလဲပေးနိုင်တယ် လို့ တွေ့ရှိခဲ့ပါတယ်။ ဒီကြွက်သားဆဲလ်တွေဟာ နှလုံးရောဂါဖြစ်ချိန်မှာ ပျက်စီးသွားတဲ့ ဆဲလ်အမျိုးအစားတွေပဲ ဖြစ်ပါတယ်။
ဒီရှာဖွေတွေ့ရှိမှုက နှလုံးရောဂါကုသမှုတွေအတွက် ကြီးမားတဲ့ မျှော်လင့်ချက်အသစ်တွေကို ယူဆောင်လာနိုင်ပါတယ်။
ကျန်းမာကြပါစေ။