16 ပတ် - ဘာသာပြန်ပါ။

🌿 လွယ်လင့်တကူ ဖြတ်ပျိုးနိုင်တဲ့ အပင်များ 🌱✨
၁။ ရွှေလာငွေလာ (Pathos) → ရေထဲမှာ အမြစ်ထွက်လွယ်လို့ အလွယ်တကူ ပွါးနိုင်ပါတယ် 🌱
၂။ ကတ္တီပါရွက်လှ (Coleus) → အရောင်စုံ ကတ္တီပါရွက်လှပင်တွေဟာ အရိုးအဆစ်တိုင်းမှာ အမြစ်ထွက်နိုင်လို့ အကိုင်းလေးတွေကို ချိုးပြီး ရေ (သို့) မြေထဲမှာ ထိုးစိုက်ပွါးနိုင်ပါတယ် 🌿
၃။ African Violet → အရွက်လေးကနေ အပင်သစ်ဖြစ်ဖို့ လွယ်ကူတဲ့ အပင်အမျိုးအစား ဖြစ်ပါတယ်🌸
၄။ English Ivy → အင်္ဂလိပ်အိုင်ဗွီနွယ်ပင်လေးတွေကို ဖြတ်ပြီး ပျိုးထားရုံနဲ့ အပင်သစ်လေးတွေ အများကြီး ပွါးလို့ ရပါပြီ ☘️
၅။ ဘီဂိုးနီးယား (Begonias) → အရွက် (သို့) ပင်စည်ရိုးတံကို စိုစွတ်တဲ့မြေထဲထည့်စိုက်ပြီး အရိပ်ထဲထားရင် တစ်ပတ်-ဆယ်ရက်ဆို အညှောင့်သစ်လေးတွေ ထွက်လာနိုင်ပါတယ် 🌼
၆။ ကြွေပန်း (Geranium) → ပင်စည်ရိုးတံကနေ ဖြတ်ပြီး ပျိုးထားရင် အမြစ်မြန်မြန်ထွက်နိုသ်တဲ့ ပန်းင်အမျိုးအစား ဖြစ်ပါတယ် 🌺
၇။ ပန်းဆွဲလည်း (Fuchsia) → ရိုးတံနုတဲ့အညွန့်လေးနဲ့ ဖြတ်ပြီး မြေကြီးထဲ ထည့်စိုက်ထားရက် မကြာခင် အပင်ရှင်သန် လှပလာမှာ ဖြစ်ပါတယ် 🌷
၈။ ရှားဇောင်းလက်ပတ် (Aloe Vera) → ရှားဇောင်းလက်ပတ်က စိုက်ဖူးသူ တော်တော်များများ သိကြတဲ့အတိုင်း အရွက်တွေကို ထိုးစိုက်ထားရင် အပင်သစ်ထွက်တဲ့ အပင်လေးတွေပါ 🌵
၉။ ရို့စ်မေရီ (Rosemary) → ရို့စ်မေရီကိုလည်း တစ်ပင်လောက်ဝယ်ပြီး နည်းနည်းအရိုးမာတာလေးတွေကို ညှပ်ပြီး မြေကြီးထဲ ထိုးစိုက်ထားရုံနဲ့ အပင်သစ်များစွာ ရလာမှာ ဖြစ်ပါတယ် 🌱
၁၀။ လာဗန်ဒါ (Lavender) → နုတဲ့ (သို့) အသင့်အတင့်မာတဲ့ ပင်စည်ရိုးတံလေးတွေကို ညှပ်ပြီး ပျိုးထားလို့ ရပါတယ်နော် 💚
၁၁။ ခြောက်လပန်း (Hydrangea) → ခြောက်လပန်းပင်ကို အပွင့်မထွက်သေးတဲ့အကိုင်းကို မြေထဲစိုက်ပေးရုံနဲ့ ရှင်သန်နိုင်ပါတယ် 🌿
၁၂။ Jade Plant → အရွက် (သို့) ပင်စည်ကို ခြောက်သွေ့တဲ့မြေထဲထည့်စိုက်ပေးနိုင်ပါတယ် 🍀
✨ အပင်တွေ ပွါးဖို့ မခက်ခဲဘဲ သင့်ဥယျာဉ်ကို လွယ်လွယ်နဲ့ ပျော်ပျော်ကြီး ပွားလိုက်ကြရအောင်🌿🌸

image