16 ပတ် - ဘာသာပြန်ပါ။

ဝက်သားအချိုချက် 💎(အလှူပွဲများအတွက် ဆီမပါ လုံးချက်)
*********************
ဝက်သား ၂ ပိဿာ ( သန့်စင်စွာဆေးပီး တုံးထားပါ။ )
ကြက်သွန်နီ ၆၀ သား ( အကွင်းလိုက်လှီးပါ။ )
ကြက်သွန်ဖြူ ၁၀ သား ( ကြိတ်ပါ။ )
ဂျင်း ၅ ကျပ်သား ( ထောင်းပါ။ )
ဟင်းခပ်မှုန့် ၁ ဇွန်းအမောက် ( လဖက်စားဇွန်း )
သကြား ၂ ဇွန်းအမောက် ( ထမင်းစားဇွန်း )
ဆား ၃ ဇွန်း ( လဖက်စားဇွန်း )
ပဲငံပြာရည် အနောက် ၄ ဇွန်း ( ထမင်းစားဇွန်း )

👉 အားလုံးရောနယ်ပီး ၁ နာရီခန့် နှပ်ထားပီးရင်
မီးဖိုပေါ်တင်ပီး အရည်တွေထွက်လာအောင် လှော်ပေးပါ။
ဝက်သားကထွက်လာတဲ့ အရည်တွေခမ်းခါနီးမှ
ရေနွေးပူပူ ၂ ဖန်ခွက်ထည့်ပီး မီးအားအနေတော်နဲ့ချက်ပေးပါ။
ရေခမ်းခါနီးရင် ခါးရင်းနဲ့ ထိုးကြည့်ပါ။အသားနူးရင် ရပါပြီ။
မနူးသေးရင် ရေ ၁ ဖန်ခွက်ထပ်ထည့်ပီး ဆက်တည်ပေးပါ။
ဒါဆှိုရငှ ဝကသှားအခှို လုံးခကှရှပါပှီ။

အပေါ့ အငံက အချို ကတာ့
အိုးချခါနီး မိမိစိတ်တိုင်းကျ ပြင်ပေးပါ။

__________________________________________________

ပိဿာချိန်အများကြီးချက်မယ့်သူတွေအတွက်
ဒီချက်နည်းက အထူးသင့်လျော်ပါတယ်။
အလှူပွဲတွေမှာ ဆီသတ်ချက်ဖို့ ဆီသုံးစရာမလိုတော့ပါဘူး။
ဝက်ဆီက ဆီတွေထွက်တာနဲ့တင် လုံလောက်နေပါပြီ။

သုံးထပ်သားချည်းပဲဆိုရင် အဆီထွက်လွန်းလို့
သုံးထပ်သား ၁ ပိဿာ, အသား ၁ ပိဿာ ရောချက်ထားပါတယ်။

ရေနွေးပူနဲ့ သေချာဆေးပီး
ဂျင်း, ကြက်သွန်ဖြူနဲ့ ၁ နာရီခန့် နှပ်ထားတာမို့
ညှီနံ့လဲ ကင်းစင်ပါတယ်။

အားလုံးပဲ အဆင်ပြေ ချောမွေ့ကြပါစေ။

image