အရင်တုန်းက
ကိုယ့်ဘဝအခြေအနေကိုမသိပဲ
သူများတွေ ဘဝနဲ့နှိုင်းယှဉ်ခဲ့ဖူးတယ်။
နှိုင်းယှဉ်လိုက်တဲ့အခါတိုင်းမှာလည်း
ဝမ်းနည်းမှုတွေ အားငယ်မှုတွေက
စိတ်ထဲမှာအလိုလို ဝင်ရောက်လာခဲ့တယ်။
ဘာဖြစ်လို့လဲဆိုတော့...
ကိုယ်က အရာရာမှာ
နိမ့်ကျနေတဲ့သူ မဟုတ်လား..?
တကယ်တမ်း
တရားခံ ရှာကြည့်လိုက်တော့
ကိုယ့်ဘဝရဲ့ဖြစ်တည်မှုလေးကို
တန်ဖိုးမထားတတ်ပဲ
သူများတွေ ဘဝတွေနဲ့လိုက်ပြီး
နှိုင်းယှဉ်နေတဲ့ ကိုယ့်ရဲ့စိတ်ကြောင့်ပါပဲ။
ဒါကြောင့်....
အရွယ်လေးရလာတော့
ကိုယ့်ဘဝရဲ့ဖြစ်တည်မှုလေးကို တန်ဖိုးထားတတ်လာတယ်။
ကိုယ့်ရဲ့ဘဝကို
သူများတွေ ဘဝနဲ့နှိုင်းယှဉ်ပြီး
ဝမ်းနည်းမှုတွေ ၊အားငယ်မှုတွေ မဖြစ်တော့ဘူး။
ကိုယ့်ဘဝကို
မေတ္တာတရားတွေနဲ့ ခြံရံပြီး
အကောင်းဆုံးဖြစ်အောင်နေတယ်။
တန်ဖိုးရှိတဲ့
လူသားတစ်ယောက်ဖြစ်အောင်
နေထိုင်တယ်။
