7 w - Translate

ပင်လိန်ကျေးရွာအုပ်စု လယ်ယာမြေတွေကို အကွက်ရိုက်ထားမှုကိုရှင်းလင်း လယ်ယာမြေဥပဒေနဲ့အညီ တရားစွဲဆို ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေဟုဆို
ယခု ၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်၏ သုံးလတာကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတန်ချိန် ၆ သိန်းကျော် တင်ပိုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဧပြီလမှ ဇွန်လအထိ သုံးလတာကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတန်ချိန် ၆၁၄,၇၀၅ တန်တင်ပိုထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၂၁၄ သန်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကာလအတွင်း ပြည်ပသို ဆန်နှင့်ဆန်ကွဲတင်ပိုမှုအနေနဲ့ ဆန်တန်ချိန် ၃၂၉,၃၃၅ တန်နှင့် ဆန်ကွဲတင်ပိုမှုအနေနဲ့ တန်ချိန် ၂၈၅,၃၆၉ တန် တင်ပိုထားခြင်းဖြစ်ပါတယ်။

၂၀၂၅ -၂၀၂၆ ဘဏ္ဍာနှစ်မှာ ပင်လယ်ရေကြောင်းမှတစ်ဆင့်တင်ပိုရာ ဧပြီလမှာ တန်ချိန် ၁၄၂,၇၈၈ တန်၊ မေလတွင် တန်ချိန် ၂၅၉,၅၀၁ တန်နှင့် ဇွန်လတွင် ၂၁၂,၄၁၆ တန် တင်ပိုနိုင်ခဲ့ကြောင်း သိရပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ပြည်ပသိုဆန်တန်ချိန် ၃ သန်းတင်ပိုရန်လျာထားပြီး ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ ပြည်ပသို ဆန်နှင့်ဆန်ကွဲတင်ပိုရန် လျာထားချက် ပမာဏတန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း သာ တင်ပိုနိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားတဲ့စာရင်းအရ သိရပါတယ်။

ပြည်ပသို ဆန်တင်ပိုမှုအနေနဲ့ ဥရောပဈေးကွက်၊ တရုတ်ဈေးကွက်၊ အာဆီယံဈေးကွက်၊ အာဖရိကဈေးကွက်သို ကုမ္ပဏီ ၆၀ ဝန်းကျင်ခန့်က တင်ပိုခြင်းဖြစ်ကြောင်း သိရပါတယ်။

image