#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တောင်ကိုရီးယား သမ္မတဟောင်း ယွန်းဆွတ်ယိုး ထပ်မံဖမ်းဆီးခံရ
တောင်ကိုရီးယားနိုင်ငံ၌ လွန်ခဲ့သည့်ဒီဇင်ဘာလအတွင်းက စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည့်သမ္မတဟောင်း ယွန်းဆွတ်ယိုးကို ဇူလိုင် ၁ဝ ရက်တွင် ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တာဝန်ရှိသူများက ပြောသည်။
၎င်းသည် ပုန်ကန်မှုစွဲချက်များဖြင့်ဇန်နဝါရီလတွင် ဖမ်းဆီးခံခဲ့ရပြီးနောက် မတ်လတွင်ပြန်လည်လွတ်မြောက်ခဲ့ပြီး ရာဇဝတ်မှုဆိုင်ရာ တရားရုံး၌ဆက်လက်စစ်ဆေးခဲ့သည်။ ဇွန်လတွင် လီဂျေးမြောင် သမ္မတဖြစ်လာပြီးနောက် အထူးစုံစမ်းစစ်ဆေးမှုတစ်ရပ်ကို စတင်ခဲ့သည်။
သက်သေအထောက်အထားများ ဖျောက်ဖျက်မည်ကို စိုးရိမ်သဖြင့် ယွန်းဆွတ်ယိုးကို ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်ကြောင်း ဆိုးလ်ဗဟိုတရားရုံးက ခုနစ်နာရီကြာ ကြားနာမှုပြီးနောက် ဇူလိုင် ၉ ရက်တွင် ထုတ်ပြန်ထားသည်။
ယွန်းဆွတ်ယိုးသည် စစ်အုပ်ချုပ်ရေးမကြေညာမီ အစိုးရအဖွဲ့ဝင်တချို့ကို အစည်းအဝေးမဖိတ်ကြားခဲ့ကြောင်းနှင့် ယင်းမှာ၎င်းတို့၏ အခွင့်အရေးများကိုချိုးဖောက်ခြင်းဟုဆိုထားပြီး ဖမ်းဝရမ်းအတွက် အဓိကစွဲချက်ငါးချက်အပေါ် အခြေခံသည်။
၎င်းကိုဇန်နဝါရီလက ဖမ်းဆီးစဉ်အတွင်း သမ္မတလုံခြုံရေးအဖွဲ့နှင့် အချိန်ကြာမြင့်စွာ ပဋိပက္ခများဖြစ်ပွားခဲ့ပြီးနောက် ပထမအကြိမ် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းသည် လက်ရှိစွဲချက်များ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်တစ်သက် သို့မဟုတ် သေဒဏ်ချမှတ်ခံရနိုင်သည်။
ဘီဘီစီ

image