7 ပတ် - ဘာသာပြန်ပါ။

....ဟာသ...(၁)
----------------------
ရယ်သံထဲက ထွက်လာတဲ့မြို့မှာ
မိန်းမနဲ့တူသော ခလုတ်တချို့ဟာ
အလင်းတွေ ထပွင့်နေကြတယ်..

လမ်းတွေပေါ်မှာက အဖနဲ့ တူသောဝါဒတချို့
အိမ်ထဲမှာက မြေနှင့်တူသော သားတချို့
ဇာတ်ကြီးကလည်း ပြီးတော့မယ်
မျှော်လင့်ချက်တွေသာ စျေးမကျတာ..

အံ့သြစရာ ကောင်းတဲ့နေ့က
နေရာလွတ်မရှိတဲ့ ကားပါကင်မှာ
ငါ့ နာမည်ကို အကျယ်ကြီးရွတ်ပြီး
ပြန်လာခဲ့လိုက်တယ်..

ပြောလို့သာ ပြောရတာ
ခြေတစ်ဖက်ဆာနေတဲ့ အဲ့အဘိုးကြီး
အိုးမင်းရင့်ရော်သွားတာပဲရှိတာ
အမှားတွေက ပင်စင်မရလိုက်ရှာဘူး...

.............................



မင်းကံစီ(ကမ္ဘာမြေ)