1 ရက် - ဘာသာပြန်ပါ။

#thai Green Curry Fried Rice
ထမင်းကြမ်း ၄၀၀ ဂရမ်
ပြည်ကြီးငါး. ၁၅၀ ဂရမ်
ထိုင်းအစိမ်းရောင်ဟင်းအနှစ် စာပွဲစားဇွန်း ၂ ဇွန်း
အုန်းနို့အပျစ် စာပွဲစားဇွန်း ၄ ဇွန်း
ထိုင်းငံပြာရည် စာပွဲစားဇွန်း ၂ ဇွန်း
သကြား လဖက်ရည်ဇွန်း ၁ ဇွန်း
ကိုက်လန် ၂ ပင်.ပါးပါးလှီးထားပါ
ရှောက်ဘီလူးရွက် ၂ ရွက်.ပါးပါးလှီးထားပါ
ဆီ စာပွဲစားဇွန်း ၂ ဇွန်း
ထိုင်းပင်စိမ်း thai sweet basil). ၂ ပင်. အရွက်ချွေထားပါ
ထမင်းကြော်မဲ့ အိုးထဲကို ဆီထည့်ပါ.ပြီးရင် အစိမ်းရောင်ဟင်းအနှစ်ထည့်ပြီးဆီသတ်ပါ
ပြီးရင် အုန်းနို့. ငံပြာရည်.သကြားထည့်ပြီးချက်ပါ.
ပျစ်လာရင် ပြည်ကြီးငါးထည့်ပြီး ကြော်ပါ.ကိုက်လန်ထည့်ပါ
ပြီးမှ ထမင်းထည့်ပြီးကြော်ပါ.ရှောက်ဘီလူးရွက်ထည့်ပြီးကြော်ပါ
မီးပိတ်ပြီး ထိုင်းပင်စိမ်းထည့်ပါ
(ပြည်ကြီးငါးအစား. ကြက်သား/ပုဇွန်ထည့် နိုင်ပါတယ်)

image