#မဟာဂါကြံဆစ်
#ဆေးကျမ်းအချို့မှာ ဖော်ပြထားပုံ
လေးဘက်နာ ရောဂါများ ၊ ခြေဆစ် ၊လက်ဆစ် များ နာကျင်ခြင်းအပြင် များစွာဆေးဖက်၀င်သော မဟာဂါကြံဆစ်ပင် မဟာဂါနှင့်ဆေးအသုံးဝင် အကျိုးများမှာ....
(၁) မဟာဂါ၊၊ (၂) မဟာဂါလှေကား၊ (၃) မဟာဂါကြံဆစ်၊ (၄) မဟာကျွဲရေကျ ဟူ၍ ရုက္ခဗေဒဆိုင်ရာ အပင်များ စာအုပ်တွင် အပင်(၄)မျိုး ဖော်ပြထားသည့်အနက် မဟာဂါကြံဆစ် အပင်ဧ။်ဆေးဖက်အသုံးဝင်ပုံအား ဖတ်မိသမျှပြန်လည်မျှဝေ လိုက်ပါသည်။
အရွက်ကိုဝါးစားပါက ဖန်၊ ခါး၊ ချဉ် သလို အရသာရှိဧ။် ။ နေရာဒေသ အသီးသီးအလိုက်မဟာဂါကြံဆစ်ရိုးရွက်အား နဂါးစက်အပင်၊ နဂါးမောက်အပင်၊ အဆိပ်ဖြေပင်၊ နုဂါးမြီးပင်ဟူ၍ အမျိုးမျိုးခေါ်ကြသည်၊
ဆေးဝင်ပုံ
ထိုအရွက်က်ို စားသုံးပေးခြင်းဖြင့် သွေးတိုးကျစေဧ။်။ ထမင်းစားတဲ့အခါရွက်သုံးရွက်လောက်စီထမင်းနှင့်တို့ပြီးစားပါ။ ဓားဒဏ်ရာဖြင့် ခုတ်မိ၊ ဖြတ်မိခြင်း၊ ထိခိုက်ရှနာအမျိုးမျိုးအတွက် ထိုအရွက်ကို ထုထောင်း။ အနာပေါ်အုပ်။ပတ်တီးစည်းပေးပါက အနာကျက်ပြီး အနာရွတ်မကျန်စေပါ။ လေးဘက်နာသမားများ ဒူးဆစ်၊လက်ဆစ်ရောင်ခြင်းအတွက်
ရှောက်သီး အသေးတစ်လုံး အရည်ညှစ် ထိုအရွက်များစ်ိမ်ပြီး
ရောင်ကိုင်းနေသောနေရာပေါ်သို့ အရွက်များအုံပေး၊ ပတ်တီး
စည်းပေး (သို့) ဒူးစွပ်အုပ်ပေးပပြီး ညင်သာစွာဖိနှိပ်ပေးပါက
မကြာခဏ အရွက်များကို ရှောက်ရည်ထဲ ပြန်စိမ် ပြန်အုပ်ပေးပါ
စိတ်ရှည်ရှည် ဇွဲရှိစွာဖြင့် ဆောင်ရွက်ပါက ဒူးဆစ်အရောင်များ တစ်ဖြည်းဖြည်း အရောင်ကျသွားပြီး ရောဂါဝေဒနာ လျော့၍ သက်သာလာပါမည်။ လေးဘက်နာ ရောဂါများ ၊ ခြေဆစ် ၊လက်ဆစ် များ နာကျင် ကိုက်ခဲသော ရောဂါများခံစားကြုံတွေ့ နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီးအဖတ်များ ကို အုံထားပေး၍ သက်သာစေပါသည်။ ထို့အပြင် ဒူးနာ၍ လမ်းမလျှောက်နိုင်ဖြစ်နေပါကလည်း အရွက် အရိုးတို့ကို ထုထောင်း၍ အ၀တ်ဖြင့် စည်းနှောင်၍ အုံထားပေး လျှင် သက်သာစေပါသည်။
