15 w - Translate

သူမကောင်းတာ သူ့သမိုင်းဖြစ်ပြီး
သူနဲ့တုပြီး
ကိုယ်ကပြန်မကောင်းပြလိုက်တော့
ကိုယ့်သမိုင်းပါ အကျည်းတန်သွားတာပေါ့။

သူရိုင်းတာ သူ့အပိုင်းဖြစ်ပြီး
သူနဲ့တုပြီး ကိုယ်ကပြန်ရိုင်းလိုက်တော့
ကိုယ်ကပါ အဆင့်မရှိတဲ့လူဖြစ်သွားတာပေါ့။

လောကမှာ မတူလို့ မတုသင့်တဲ့အရာတွေ
အများကြီးပဲ
ဥပက္ခာပြုသင့်တယ်ထင်ရင်
ဥပက္ခာပြုတတ်ရမယ်
လျစ်လျူရှု့သင့်တယ်ထင်ရင် လျစ်လျူရှု့နိုင်ရမယ်

အရည်အသွေးနိမ့်တဲ့
အရာတွေနဲ့
မပတ်သက်မိအောင်နေခြင်းဖြင့်
မိမိအဆင့်အတန်းကို မြှင့်တင်ပါ။

image