🌸 ဂျင်းချဉ် အမြန်စိမ်နည်း (၃-၅ နာရီအတွင်း စားလို့ရပြီ)

ချိုချဉ်အရသာရှိတဲ့ ဒီဖြည့်စွတ်အစားအစာက ဘာနဲ့တွဲစားစား အရသာရှိပါတယ်။ ကြာကြာစောင့်စရာမလိုဘဲ တစ်ညလုံးထားစရာမလိုဘဲ ၃-၅ နာရီအတွင်း အရသာရှိရှိ ချက်ချင်းစားသုံးနိုင်ပါသည်။

ပါဝင်ပစ္စည်းများ...........
၁။ ဂျင်းနု (ပါးပါးလှီးထား) – ၅၀၀ ဂရမ်
၂။ ကြက်သွန်ဖြူချဉ်ရည် – ၁၀၀ မီလီလီတာ
၃။ ရှာလကာရည်စစ်စစ် – စားပွဲဇွန်း ၅-၈ ဇွန်း
(အချဉ်ကြိုက်သလို ချိန်ညှိထည့်နိုင်ပါသည်)
၄။ သကြားညို – စားပွဲဇွန်း ၂ ဇွန်း
(သဘာဝအတိုင်း ချိုမွှေးနူးညံ့သော အရသာအတွက်)
၅။ ဆား – အနည်းငယ် (အရသာကို ပိုမိုပေါ်လွင်စေရန်)
၆။ Mirinda အနီရောင် အချိုရည် – ၁ ပုလင်း (မွှေးရနံ့၊ လှပ
သောအရောင်နှင့် ချိုချဉ်စပ် ခပ်ပါးပါးအရသာအတွက်)

ပြုလုပ်နည်း...... (အရမ်းလွယ်ပါသည်)
၁။ ဂျင်းနုများကို သန့်စင်အောင်ဆေးကြောပြီး အခွံနွှာကာ
ပါးပါးလှီးပါ။
၂။ ဂျင်းများကို ဆူပွက်နေသောရေတွင် ၁၀-၁၅ စက္ကန့်ခန့်
ပြုတ်ပြီး ရေစစ်ကာ ခြောက်အောင်ထားပါ။
၃။ ကြက်သွန်ဖြူချဉ်ရည်၊ ရှာလကာရည်၊ သကြားညို၊
ဆားနှင့် အနီရောင်အချိုရည်တို့ကို သမအောင်ရောမွှေပါ။
၄။ ရောစပ်ထားသော အရည်ကို ဂျင်းများပေါ်လောင်းထည့်
ပြီး အဖုံးလုံသော ဘူးထဲတွင် ထည့်ပါ။
၅။ ပုံမှန် အခန်းအပူချိန်တွင် ၃-၅ နာရီခန့် စိမ်ထားပြီးနောက်
သုံးဆောင်နိုင်ပါပြီ......။

အကြံပြုချက်များ.......
* ဂျင်းနုကိုသုံးပါက ကြွပ်ဆတ်ပြီး အနံ့သင်းကာ
စပ်ဖျဉ်းဖျဉ်းမဖြစ်ဘူး။
* ကြာကြာသိမ်းထားလိုပါက ရေခဲသေတ္တာထဲတွင်
ထည့်သိမ်းထားပါ။ ၁-၂ ပတ်အထိ သိမ်းထားနိုင်ပါတယ်။

✨ အကျိုးကျေးဇူးများ.......
ဂျင်းသည် လေထိုးလေအောင့်ကိုသက်သာစေပြီး ပျို့အန်ချင်စိတ်ကိုလည်းပြေစေကာ အစာခြေစနစ်ကို ကောင်းမွန်စေသဖြင့် စားသုံးပြီးနောက် ဗိုက်ကို သက်တောက်သက်သာဖြစ်စေပါသည်။

image