16 ပတ် - ဘာသာပြန်ပါ။

ကြောင်တွေရဲ့လျှာပေါ်က ထူးဆန်းတဲ့ အဆူးပုံစံ အမွှေးကြမ်းကြမ်းများဟာ ဘာတွေအတွက် အသုံး၀င်သလဲ ❓

➡️ ကြောင်တွေရဲ့လျှာပေါ်က အဆူးလိုအမွှေးတွေဟာ အသားတုံးကြီးတွေ ခြစ်ယူပြီးစားသောက်ရ လွယ်ကူစေရန် အကူအညီပေးပါတယ်။

➡️ သူတို့ရဲ့ခန္ဓာကိုယ်ကိုသန့်ရှင်းလုပ်တဲ့နေရာမှာလည်း အမှိုက်တွေ၊ သန်း နဲ့ မွှားတွေကို သန့်ရှင်းနိုင်ရန်အကူအညီပေးပါတယ်။ ဒါကြောင့်ကြောင်လေးတွေက သူတို့ ခန္ဓာကိုယ်ကို လျှာနဲ့ မကြာခဏလျက်လေ့ရှိကြပါတယ်။

➡️ ကြောင်လေးတွေရဲ့လျှာပေါ်က အဆူကဲ့သို့အမွှေးကြမ်းလေးများဟာ ရေသောက်တဲ့အခါမှာလည်း လျှာပေါ်ရေများများပါလာပြီး သောက်ရလွယ်ကူအောင် အထောက်အကူပြုပါတယ်။

➡️ အဲဒီအမွှေးကြမ်း လေးတွေမှာဆိုရင် အရသာခံဆဲလ်တွေပါဝင်ပြီး ကြောင်လေးတွေကို အပူ၊ အအေးနဲ့ အရာသာတွေကိုခံစားနိုင်ရန်ကူညီပေးပါတယ်။

ဒါကြောင့် ကြောင်လေးတွေရဲ့လျှာပေါ်က ထူးဆန်းတဲ့ ပုံစံရှိတဲ့ အ‌မွှေးကြမ်းကြမ်းလေးတွေဟာ

အစာစားခြင်း၊ သန့်ရှင်းရေး၊ ရေသောက်ခြင်းနဲ့ အရသာခံနိုင်စွမ်းတို့အတွက် အရေးပါတဲ့ ဇီဝလုပ်ငန်းတွေအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ် 😺