🎋 "အညာမှာတော့ ထန်းနိူ့ချောင်း အရမ်းပေါ၏ မသုံးတတ်လို့မသိတာ"
ကျနော်ခပ်ငယ်ငယ်က ကျနော့တူမလေးတစ်ယောက် ထိပ်ကပ်နာ လို့ခေါ်တဲ့နှာခေါင်းထိပ်ပိတ်နှာစေးနှာပိတ်ဝေဒနာကိုတော်တော်ပြင်းပြင်းထန်ထန်ခံစားရပါတယ်။
ကြာလာတော့ အနံ့အသက်ပါထွက်လာတယ်။ သူ့ဝေဒနာနောက်ဆုံး အရှင်းပျောက်ခဲ့တာတော့ ပုံမှာပြထားတဲ့ ထန်းနို့ခြောက်(ထနို့ခြောက်)ရှုပေးတာ သုံးလေးရက်အတွင်းမှာလုံးဝပျောက်သွားခဲ့ပါတယ်။
ပြုလုပ်ပုံကတော့...
ပုံမှာပြထားတဲ့ ထနိ့ခြောက်ကိုအမှုန့်ဖြစ်အောင်ထောင်းရပါတယ်။ အဲ့ဒီနောက် ဆေးပေါ့လိပ်တစ်လိပ်ကိုထိပ်ဖွင့်ပြီး အတွင်းက ဆေးသားများကုန်စင်အောင်ထုတ်ပါ။ ထနို့ခြောက်မှုန့်ကိုပြန်ထည့်ပြီး ဆေးပေါ့လိပ်ဖွာသလို ဖွာပြီးနှာခေါင်းထဲမှအငွေ့ပြန်ထုတ်ရပါတယ်။
ဆေးလိပ်သောက်သလိုရှိုက်ဖို့မလိုပါ အငွေ့နှာခေါင်းထဲမှပြန်ထုတ်ရင်ရပါပြီ။ ကျနော့ဖရင်းထဲက ကလေးမတစ်ယောက် ထိပ်ကပ်နာဖြစ်ပြီး အသက်ရှုလမ်းကြောင်းပိတ်ကာ ခွဲစိတ်ရမယ်ပြောလို့ ကျနော်ဒီနည်းလေးပေးလိုက်တာ ၁ရက်ထဲမှာပဲ ပိတ်ဆို့နေတဲ့အစိုင်အခဲတွေ အရည်ပျော်ကျပြီး အသက်ရှုရလွယ်ကူသွားပြီဖြစ်ပါတယ် လေးငါးရက်ဆက်တိုက်လုပ်ပါက လုံးဝပျောက်ကင်းတာလက်တွေ့မို့ လက်တို့လိုက်ခြင်းဖြစ်ပါတယ်။
ပြန်လည်မျှဝေခြင်းဖြစ်ပါသည်
Credit original writter
#crd