23 w - Translate

ရုရှားနှင့် ယူကရိန်း အပစ်အခတ်ရပ်စဲရေး "မဟာမိတ်အဖွဲ့"လည်း ပါဝင်ကူညီမည်

"အပစ်အခတ်ရပ်စဲရန် ဆန္ဒရှိသော မဟာမိတ်အဖွဲ့" သည် ရုရှားနှင့် ယူကရိန်းတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိပြီးသည်နှင့်တပြိုင်နက် ယင်းကို ချက်ချင်းစတင်ရန် အသင့်ဖြစ်နေပြီဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမားနှင့် လန်ဒန်တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ကျွန်ုပ်တို့တွင် အစီအစဉ်တစ်ခုရှိပြီး အပစ်အခတ်ရပ်စဲရေးကို တရားဝင်ချမှတ်ပြီးပါက အကောင်အထည်ဖော်ရန် အသင့်ဖြစ်နေပါပြီ" ဟု ပြင်သစ်သမ္မတက ပြောကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံ ၃၀ ပါဝင်သော မဟာမိတ်အဖွဲ့သည် ဝေဟင်နှင့် ပင်လယ်ပြင်တွင် အပစ်အခတ်ရပ်စဲရေးကို လိုက်နာရန် ကူညီမည်ဖြစ်ပြီး ယူကရိန်းစစ်တပ် ပြန်လည်တည်ဆောက်ရေးကိုလည်း ပံ့ပိုးကူညီမည်ဖြစ်သည်။"ဟုလည်း သူကဆိုသည်။

ယူကရိန်းအား ယခုကဲ့သို့အကူအညီပေးရေး အစီအစဉ်များသည် ပြင်သစ်-ဗြိတိန် နှစ်နိုင်ငံစစ်ရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့် မသက်ဆိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါအစီအစဉ်တွင် ပူးတွဲတပ်မဟာကို အင်အား ၅၀,၀၀၀ ခန့်ရှိသော စစ်တပ်အဖြစ် ပြောင်းလဲခြင်း ပါဝင်သည်။

ဇူလိုင် ၁၀ ရက်က ကျင်းပခဲ့သော ပြင်သစ်-ဗြိတိန် ထိပ်သီးအစည်းအဝေးသည် ခေါင်းဆောင်နှစ်ဦးအကြား ၃၇ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ပြီး မက်ခရွန်၏ ဗြိတိန်နိုင်ငံတော်ခရီးစဉ်ကို အဆုံးသတ်ခဲ့သည်။

image