laptop ဘက်ထရီဟောင်းတွေနဲ့ တစ်အိမ်လုံး ၈ နှစ်ဆက် လျှပ်စစ်ရစေခဲ့သူ
အိုင်ဒီယာကောင်းရင် အဟောင်းတွေလည်း ရွှေပါပဲ။
မီတာခဈေးကြီးလို့ တချို့တွေ solar panel ပြောင်းတပ်ဖို့ စဉ်းစားနေချိန် ပြင်သစ်သားတစ်ယောက်က laptop ဘက်ထရီဟောင်းတွေ ကြည့်ပြီး စိတ်ကူးတစ်ချက်ရသွားပါတယ်။ သူ့အိုင်ဒီယာက ဘက်ထရီဟောင်းတွေ စုပြီး ကိုယ်ပိုင်အိမ်သုံး off-grid power source တစ်ခု ထွင်ဖို့ပါ။
ဒါနဲ့ အားသွင်းလို့ရတဲ့ laptop battery အဟောင်းတွေ လိုက်စုပါတယ်။ DIY ထွင်ဉာဏ်ကောင်းပြီး လျှပ်စစ်ကျွမ်းတဲ့ ကလူဘတ် က သူလိုချင်တဲ့ ဘက်ထရီဟောင်းတွေ ၁၀၀၀ လောက်ရတော့ အကုန်တွဲပြီး battery packs လုပ်ပါတယ်။ ဒီဘက်ထရီတွေကို အိမ်နဲ့ မီတာ ၅၀ ဝေးတဲ့နေရာမှာ အခန်းသပ်သပ်နဲ့ ဆင်ပြီး အင်ဗာတာ ၊ controller ၊ solar panel တွေနဲ့ ချိတ်ပါတယ်။
"ဆိုလာပြားဟောင်းတွေ လဲပြီး 440W အထိ ထွက်တဲ့ ဆိုလာပြား ၂၄ ချပ် တပ်ပါတယ်။ ၈ နှစ်ကြာတဲ့အထိ အကုန်လုံး ကောင်းကောင်း အလုပ်လုပ်တယ်။ ဘက်ထရီဆဲလ်တစ်လုံးတောင် မလဲရဘူး" လို့ ပြောပါတယ်။
laptop battery တွေနဲ့ ချိတ်ထားတဲ့ ပါဝါနဲ့ပဲ အိမ်သုံး လျှပ်စစ်မီးကနေ အဝတ်လျှော်စက်အထိ သုံးပါတယ်။ ၂၀၁၆ နောက်ပိုင်းလောက်ကတည်းက ဒီပရောဂျက်ကို စတင်ခဲ့တာပါ။ အခု ၈ နှစ်ကျော်ကြာတဲ့အထိ ဒီ ဘက်ထရီပါဝါကိုပဲ သုံးနေတာလို့ ဆိုပါတယ်။
သူ့ပရောဂျက်က အကုန်အကျနည်းပြီး တကယ်လည်း အလုပ်ဖြစ်ပါတယ်။ ၈ နှစ်ကြာ သုံးနေပေမယ့် ဘက်ထရီမီးလောင်တာမျိုး မရှိခဲ့ပါဘူး။ ဒီအိုင်ဒီယာကြောင့် အိမ်သုံးမီတာခ သက်သာသွားသလို e-Waste တွေကို ကောင်းကောင်းအသုံးချနိုင်လို့ အများကလည်း သူ့ကို ချီးကျူးနေကြပါတယ်။
