ပင်လယ်စာ မာမားသုပ် ပြုလုပ်နည်း
ချဉ်ချဉ်စပ်စပ် ပြီးပြည့်စုံတဲ့အရဝသာ ခံစားနိုင်မယ့် အသုပ် 😋

ပါဝင်ပစ္စည်းများ.......
* မားမား ခေါက်ဆွဲခြောက် - ၂ ထုပ်
* ငါးငံပြာရည် - စားပွဲတင်ဇွန်း ၂ ဇွန်း
* သံပရာရည် - စားပွဲတင်ဇွန်း ၃ ဇွန်း
* ငရုတ်ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
* သကြား - စားပွဲတင်ဇွန်း ၂ ဇွန်း
* ငရုတ်သီးမှုန့် (ကြိုက်နှစ်သက်သလောက်)
* မာမားအနှစ်ထုပ် - ၂ ထုပ် (မားမားထုတ်ထဲပါလာတဲ့မှုန့်)
* ပုစွန် (ကြိုက်နှစ်သက်သလောက်)
* ပြည်ကြီးငါး (ကြိုက်နှစ်သက်သလောက်)
* ကြက်သားလုံး (ကြိုက်နှစ်သက်သလောက်)
* မုန်လာဥနီ (ကြိုက်နှစ်သက်သလောက်)
* ခရမ်းချဉ်သီး (ကြိုက်နှစ်သက်သလောက်)
* ကြက်သွန်နီ (ကြိုက်နှစ်သက်သလောက်)
* ဂေါ်ဖီထုပ် (ကြိုက်နှစ်သက်သလောက်)

ပင်လယ်စာ မာမားသုပ် ပြုလုပ်နည်း.........
ပြုလုပ်နည်းက အရမ်းလွယ်ပါတယ်.......။
ဇလုံတစ်လုံးယူပြီး ငံပြာရည်နှင့် ပါဝင်ပစ္စည်း အရသာမှုန့်တွေအားလုံးကို ထည့်ပြီး ဆော့စ်ရည်အရင်ဖျော်ပါ။
ပြီးရင် ရေနွေးဖျော်ထားတဲ့ မားမားခေါက်ဆွဲထည့်။
ပင်လယ်စာအားလုံးကို ကိုယ်လိုချင်တဲ့အနေအထားလောက်ပြုတ်ပြီး ဇလုံးထဲထည့်။
အသီးအရွက်တွေ အကုန်ထည့်ပြီး သမအောင်နယ်ပေး နောက်ဆုံးမှာ နံနံပင်ထည့်နယ်ပြီးရင် စားလို့ရပါပြီး...။😋

ချဥ်ချဥ်စပ်စပ်လေးနဲ့ စားလို့အရမ်းကောင်းပါတယ်။
ပြောရင်းနဲ့ သရေယိုလာပြီး.... 🤤😁
(ပင်လယ်စာ အစုံမပါလဲ စားလို့ကောင်းတယ်)

image