အပြောအဆိုမှာ ကိုယ်တိုင် စည်းကမ်းရှိပါ
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
မေတ္တာနှလုံး ပျက်သွားတာ
ကိုယ့်ရဲ့အပြောကြောင့် ပဲ။
မပြောသင့်တာကို ပြောမိလို့
ကြမ်းကြမ်းတမ်းတမ်း ပြောမိလို့
မဟုတ်တာ သွားပြောမိရင်လည်း
ပြဿနာ တက် တတ်တယ်။
ဒါကြောင့်မို့လို့ ...
အပြောအဆိုနဲ့ ပတ်သက်ပြီးတော့
ကိုယ်ကိုယ်တိုင်က စည်းကမ်းရှိဖို့
ဗုဒ္ဓမြတ်စွာက ဟောကြားပေးထားတယ်။
ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ တရားတွေက
လက်တွေ့လိုက်နာ ကျင့်သုံးဖို့
ဟောထားတဲ့ တရားတွေ ချည်းပါပဲ။
တကယ် လိုက်နာကျင့်သုံး
ကြည့်လိုက်မယ် ဆိုရင်လည်း
ထိရောက်တဲ့ အကျိုးတွေ ရပါတယ်။
ဒါ ဗုဒ္ဓရဲ့တရားတွေပဲ။
လူလူချင်း ဆက်ဆံတဲ့အခါ မှာ
စကားများပြီး ရန်ဖြစ်ကြတာ များပါတယ်။
တစ်ဦးနဲ့တစ်ဦး စကားများရာက
စပြီးတော့ ရန်ဖြစ်ကြတာပါပဲ။
ပြီးတော့ လောကမှာ
မကျေမနပ်ဖြစ်တာတွေကလည်း
စကားတွေ ကြောင့် ပဲ၊
ကွယ်ရာမှာ အတင်း ပြောကြတာ ကြောင့်ပဲ။
ငါ့ကို ဘယ်သူက ဘယ်လို
ပြောလိုက်တာ ဆိုပြီးတော့
ပြဿနာ ဖြစ်တော့တာပါပဲ။
တစ်ဆင့် ပြန်ကြားတာတွေက နေပြီးတော့
အပြော အဆိုကနေ စ ပြီးတော့
ပြသနာ ဖြစ်ကြတာပါ။
လူတွေ ဆိုတာ “ လောကီ အစုတ်၊
လူတို့ နှုတ်က မဟုတ် လည်း ပြော၊
ဟုတ် လည်း ပြော ”
လူတွေရဲ့ပါးစပ်က စားဖို့နဲ့
ပြောဖို့ပဲ ရှိတဲ့အတွက် ကြောင့်
အပြောအဆို မှာ စည်းကမ်း မရှိ
လျှောက် ပြောနေကြတာပါပဲ။
ဒါကြောင့်မို့ .....
အပြောအဆိုနဲ့ ပတ်သက်ပြီး တော့
ကိုယ်ကိုယ်တိုင် လိုက်နာပြီးတော့
စည်းကမ်းချ ထားမယ် ဆိုရင်
ပြသနာ တက်စရာ မရှိနိုင်ပါဘူး။
ဒါပေမယ့် ကိုယ်နေနေရတဲ့ ပတ်ဝန်းကျင်မှာ က
နှုတ် စည်းကမ်းရှိတဲ့ သူတွေ ရှိသလို
နှုတ် စည်းကမ်းမရှိတဲ့ သူတွေလည်း ရှိနိုင်တယ်။
ပြောချင်ရာပြောတဲ့ ပုဂ္ဂိုလ်တွေ ရဲ့စကားတွေကို
လိုက်ပြီးတော့ ပြသနာဖြစ်နေရင်တော့
ဆုံးနိုင်မှာ မဟုတ်တော့ဘူး တဲ့။
အဲဒါကိုတော့ မြတ်စွာဘုရားက
မေတ္တာနှလုံး အစဉ်သုံး တဲ့။
ဒီလို ဟော ခဲ့ပါတယ်။
ဘာပဲပြောပြော ....
မေတ္တာနဲ့သာ တုန့်ပြန် ပါ တဲ့။
#ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး

image