ငလျင်အကြိမ်ရေ ထောင်ချီလှုပ်ခတ်နေတဲ့ ဂျပန်ရှိ ကျွန်းနှစ်ကျွန်း သုံးရက်အတွင်း ၁၀ စင်တီမီတာ ကွာဟ
တိုကျို၊ ဇူလိုင်-၁၀-၂၀၂၅
မျိုးဆက်(VOM)
မကြာသေးခင် သီတင်းပတ်တွေအတွင်း ငလျင်အကြိမ် ၁၆၀၀ ကျော်လှုပ်ခတ်ခဲ့တဲ့ ဂျပန်အနောက်တောင်ပိုင်း ကာဂိုရှီးမားစီရင်စုရှိ တိုကာရာကျွန်းဝန်းကျင်ရှိ ကျွန်းငယ်နှစ်ကျွန်းဟာ သုံးရက်အတွင်း ယခင်ကထက် ၁၀ စင်တီမီတာ ကွာဟခဲ့တယ်လို့ ဂျပန်သုတေသီတွေက ပြောပါတယ်။
ဇူလိုင် ၂ ရက်က ရစ်ချ်တာစကေး ၅ ဒဿမ ၆ အဆင့်ရှိ မြေငလျင်လှုပ်ခတ်ပြီးနောက် သုံးရက်တာကာလအတွင်း ကိုဒါကာရာဂျီးမားကျွန်းဟာ မြောက်-အနောက်မြောက်ဘက်ကို ၆ စင်တီမီတာ၊ တာကာရာဂျီးမားကျွန်းဟာ တောင်ဘက်ကို ၃ ဒဿမ ၅ စင်တီမီတာကျော် ရွေ့လျားခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ ဂျပန်မြေငလျင်ဌာနဲ့ မိုဘိုင်းလ်အခြေပြု အခြေစိုက်စခန်းတွေရဲ့ အချက်အလက်တွေကို အခြေခံပြီး အပေါ်ယံလွှာလှုပ်ရှားမှုတွေကို ခွဲခြမ်းစိတ်ဖြာထားတာလို့ တိုဟိုတူတက္ကသိုလ်မှ ပါမောက္ခ အိုဟိုတာယူဆာကူက ပြောပါတယ်။
ဒါဟာ ငလျင်ကြီးတခု လှုပ်ခတ်နို်ငဖို့လားဆိုတာကိုတော့ မခန့်မှန်းနိုင်ကြောင်းနဲ့ အရင်က အလားတူဖြစ်ခဲ့တာတွေနဲ့ ဆက်စပ်ပြီး လေ့လာသွားမယ်လို့ ဆိုပါတယ်။ အဲဒီဒေသဟာ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တို့မှာ အင်အားပြင်း မြေငလျင်တွေ လှုပ်ခတ်ခဲ့တဲ့ နေရာတွေပါ။
လက်ရှိမှာတော့ ဂျပန်အစိုးရဟာ ရွှေ့ပြောင်းဖို့ လိုအပ်တဲ့ ဒေသခံတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနေပြီး ရစ်ချ်တာစကေး ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်နို်ငခြေကိုလည်း ဂျပန်မြေငလျင်ဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
ငလျင်ကြီးလှုပ်ခတ်မယ်ဆိုတဲ့ ကောလဟလသတင်းတွေကြောင့် အဲဒီဒေသကို ခရီးသွားတွေလာရောက်မှု ဟောင်ကောင်လေကြောင်လိုင်းကလည်း ခရီးစဉ်ပြေးဆွဲပျံသန်းမှုတွေကို သုံးလဆိုင်းငံ့ထားပါတယ်။
Ref:NHK
Photo:NHK