နိုင်ငံတော်မှ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ထူထောင်ရေးအတွက် ချေးငွေများထုတ်ပေးမည်
(ပြည်တွင်း) ဇူလိုင် ၁၀
နိုင်ငံတော်မှ ပြန်လည်ထူထောင်ရေးရန်ပုံငွေတစ်ရပ်ထူထောင်ကာ ငလျင်ဒဏ်သင့်ဒေသများရှိ လုပ်ငန်းသုံး စက်ရုံ၊ အလုပ်ရုံများ ပြန်လည်တည်ဆောက်ရေးအတွက် MSMEs ချေးငွေထုတ်ပေးရန်ဗဟိုဘဏ်က စီစဉ်ဆောင်ရွက် နေကြောင်း သိရပါတယ်။
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)ကို ပံ့ပိုးမြှင့်တင်နိုင်ရန်အတွက် ဗဟိုဘဏ်အနေနဲ့ MSMEs လုပ်ငန်းများအတွက် ဘဏ်များမှ ချေးငွေထုတ်ချေးပေးနိုင်ရေး၊ ဒီဂျစ်တယ်ငွေပေး ချေမှုစနစ် အဆင်ပြေချောမွေ့စေရန် e-payment အားကောင်းလာစေရေးတိုအတွက် ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။
MSMEs လုပ်ငန်းများဖွံဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရာမှာ ဘဏ်လုပ်ငန်းကဏ္ဍ Financing ပေးရာမှာ အဓိကပံ့ပိုးပေးတဲ့ ကဏ္ဍတစ်ခုဖြစ်ပြီး ပါဝင်ဆောင်ရွက်တဲ့ ငွေရေးကြေးရေးအဖွဲအစည်းများ (Participating Financial Institutions – PFIs) ဖြစ်သော မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၈ ခုတိုက သက်ဆိုင်ရာဘဏ်၏ အစီအစဉ်ဖြင့်လည်းကောင်း၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ နှစ်ဆင့်ထပ်ချေးငွေအစီအစဉ်ဖြင့်လည်းကောင်း၊ အခြားချေးငွေအစီအစဉ်နှင့် ကိုဗစ်ချေးငွေအစီအစဉ်များဖြင့် လည်းကောင်း စိုက်ပျိုးရေးမွေးမြူရေး၊ စက်မှုလက်မှု/ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ သယ်ယူပိုဆောင်ရေး၊ ဆောက်လုပ် ရေး၊ ဝန်ဆောင်မှု၊ အထွေထွေ၊ ငှားဝယ်/ရောင်းစသည့် စီးပွားရေးတိုးတက်မှု အထောက်အကူပြုကဏ္ဍများ သို MSMEs ချေးငွေများအား သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် MSMEs လုပ်ငန်း များအနေဖြင့် ကုန်ထုတ်လုပ်မှုဆောင်ရွက်ရာမှာ ပြည်တွင်းငွေပေးချေမှုများကို ဒီဂျစ်တယ်နည်းလမ်းနဲ့ လွယ်ကူစွာ အသုံးပြုဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။