ငါးဒန်ဆီပြန်👩🍳
***********
ဒီနေ့တော့ ငါးတန်ကို ခရမ်းချဉ်သီးပါလေကာနဲ့ အိုးကပ်ဆီပြန်ချက်နည်းလေးတင်ပေးလိုက်ပါတယ်နော်။
အရမ်းကို ထမင်းမြိန်သောငါးဟင်းတခွက်ပါ။
ဟင်းစချက်တော့မယ်ဆိုရင်
ငါးဒန်ကို စင်နေအောင်ဆေး၊ဓါးထက်ထက်နဲ့ အရွယ်သင့်သင့်အတုံးလှလှလေးတွေ တုံးပြီး
ငံပြာရည်၊ဟင်းခပ်မှုန့်၊ နနွင်း များများလေးနဲ့နယ်ထားပါတယ်။
ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ခြစ်ခရမ်းချဉ်သီး ပါးပါးလှီးပြီး
ကြက်သွန်ဖြူ,နီ, ငရုတ်သီးစိမ်းမှုန့်လေး ဆီသပ် ခရမ်းချဉ်သီးအနည်းငယ်ထည့် လိပ်ပြီး အစိမ်းနံ့ပျောက်တဲ့ထိ လှိမ့်ပြီး တုံးထားတဲ့ငါးတန် နဲ့ ဂျင်းထောင်း ထည့်မွှေ၊ လုံးပြီး ရေနွေးပူထည့်ပါတယ်။
စပ်စပ်လေးကြိုက်ရင် ငရုတ်သီးအစိမ်းတောင့်ပါ ထည့်ပါ။ ကျမတော့ ငရုတ်သီးစိမ်းနဲ့နံနံကုန်နေလို့ မထည့်လိုက်ရပါဘူး။
အိုးချပြီး စပါယ်ရှယ်ကြိတ်လို့ရပါပြီရှင်။
